■ မော်ဒယ်သရုပ်ဆောင်သဉ္ဇာဝင့်ကျော်နှင့် အဖွဲ့ကို ရာဇသတ်ကြီးပုဒ်မ ၂၉၄ (က) ဖြင့် အမှုဖွင့်လှစ်ထားကြောင်း သိရ

■ မော်ဒယ်သရုပ်ဆောင်သဉ္ဇာဝင့်ကျော်နှင့် အဖွဲ့ကို ရာဇသတ်ကြီးပုဒ်မ ၂၉၄ (က) ဖြင့် အမှုဖွင့်လှစ်ထားကြောင်း သိရ
Published 21 January 2026

မော်ဒယ်သရုပ်ဆောင်သ ဉ္ဇာဝင့်ကျော်နှင့် အဖွဲ့ကို ရာဇသတ်ကြီးပုဒ်မ ၂၉၄ (က) ဖြင့် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

ဇန်နဝါရီ ၁၅ ရက်က ကမာရွတ်မြို့နယ်ရှိ နိုဗိုလ်တယ်ဟိုတယ်တွင် ပြုလုပ်သော Cloud Seven Production & Entertainment  Founder & CEO ၏ မွေးနေ့ပွဲနှင့် ရုပ်ရှင်ဇာတ်ကားမိတ်ဆက်ပွဲ၌ မော်ဒယ်သရုပ်ဆောင်သ ဉ္ဇာဝင့်ကျော်နှင့် အကအဖွဲ့ဝင်များသည် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် ဆန့်ကျင်၍ လိင်အသားပေး ကပြဖျော်ဖြေခဲ့သောကြောင့် အမှုဖွင့်အရေးယူခြင်းဖြစ်ကြောင်း၊ ထို့ပြင် အဆိုပါရုပ်ရှင်ဇာတ်ကားမိတ်ဆက်ပွဲပြုလုပ်ခြင်းအား ပွဲမိန့်ခွင့်ပြုချက်ရယူထားခြင်းမရှိကြောင်း သိရသည်။

မော်ဒယ်သရုပ်ဆောင်သ ဉ္ဇာဝင့်ကျော်နှင့် အကအဖွဲ့ဝင်များသည် မြန်မာ့ရိုးရာယဉ်ကျေးမှုအား ဆန့်ကျင်၍ အများပြည်သူအမြင်မတင့်တယ်ဖွယ်ရာ အဝတ်အစားများဝတ်ဆင်ကာ လိင်ပိုင်းဆိုင်ရာညစ်ညမ်းသောအကများဖြင့် ကပြဖျော်ဖြေခဲ့သောကြောင့် ဥပဒေအရ အရေးယူနိုင်ရန် အမှုဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သိရသည်။

မော်ဒယ်သရုပ်ဆောင်သ ဉ္ဇာဝင့်ကျော်မှာ ၂၀၂၂ ခုနှစ်ကလည်း အီလက်ထရွန်းနစ်ပုဒ်မ ၃၃ (က) ဖြင့် ထောင်ဒဏ်ငါးနှစ် ချမှတ်ခံခဲ့ရပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် အင်းစိန်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။

ရာဇသတ်ကြီး ပုဒ်မ ၂၉၄ (က)မှာ ထောင်ဒဏ် သုံးလနှင့် ငွေဒဏ်ချမှတ် အရေးယူနိုင်သော ပုဒ်မအမျိုးအစားဖြစ်ကြောင်း သိရသည်။

Most Read

Most Recent