■ နှစ်နိုင်ငံကြား အဂတိလိုက်စားမှုတိုက်ဖျက်ရေးနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရေး မြန်မာ-တရုတ် ဆွေးနွေး

■ နှစ်နိုင်ငံကြား အဂတိလိုက်စားမှုတိုက်ဖျက်ရေးနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရေး မြန်မာ-တရုတ် ဆွေးနွေး
Published 20 January 2026

နှစ်နိုင်ငံကြား အဂတိလိုက်စားမှုတိုက်ဖျက်ရေးနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရေး မြန်မာ-တရုတ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၁၉ ရက်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦးသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Ms. Ma Jia အား နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံစဉ် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံစဉ် မြန်မာ-တရုတ်နှစ်နိုင်ငံကြား အဂတိ လိုက်စားမှုတိုက်ဖျက်ရေးနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရေး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိအမြင်များ ဖလှယ်နိုင်ရေး၊ ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent