မိုက်ကယ်ကာရစ် မန်ယူအသင်းရဲ့ ယာယီနည်းပြဖြစ်လာဖို့ အလားအလာများနေ

မိုက်ကယ်ကာရစ် မန်ယူအသင်းရဲ့ ယာယီနည်းပြဖြစ်လာဖို့ အလားအလာများနေ
Photo: X
Photo: X
Published 12 January 2026

မန်ယူအသင်းရဲ့ အင်္ဂလန်ကွင်းလယ်ကစားသမားဟောင်း မိုက်ကယ်ကာရစ်ဟာ အသင်းရဲ့ ယာယီနည်းပြဖြစ်လာဖို့ အလားအလာများနေကြောင်း သိရပါတယ်။

မန်ယူအသင်းဟာ ပေါ်တူဂီနည်းပြ အာမိုရင်မ်ကို ရာထူးက ထုတ်ပယ်ခဲ့ပြီးနောက် လက်ရှိအချိန်မှာ နည်းပြလက်မဲ့ဖြစ်နေပြီး နောက်ဆုံးပွဲစဉ်(၂)ပွဲမှာ ဖလက်ချာက ယာယီနည်းပြအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

မန်ယူအသင်းဟာ ဖလက်ချာအပါအဝင် ကစားသမားဟောင်းတွေထဲက တစ်ဦးကို ရာသီကုန်အထိ ယာယီနည်းပြအဖြစ် တာဝန်ပေးဖို့ စီစဉ်နေရာမှာ အစောပိုင်းတုန်းက ဆိုးလ်ရှားက ပိုမိုအလားအလာကောင်းကြောင်း သတင်းထွက်ခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ မန်ယူအသင်းရဲ့ အတွင်းစည်းထဲမှာ ကာရစ်ကို ထောက်ခံသူ ပိုများနေကြောင်း သိရပါတယ်။

အသက်(၄၄)နှစ်သာရှိသေးတဲ့ ကာရစ်ဟာ မန်ယူအသင်းကို ဆိုးလ်ရှား ကိုင်တွယ်စဉ်က လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့ဖူးသလို၊ ဆိုးလ်ရှား ရာထူးက ထုတ်ပယ်ခံရချိန်မှာ ယာယီနည်းပြအဖြစ် (၃)ပွဲ တာဝန်ယူခဲ့ရဖူးပါတယ်။

အဲဒီနောက် ကာရစ်ဟာ မစ်ဒယ်ဘရော့အသင်းရဲ့နည်းပြအဖြစ် ၂၀၂၂ အောက်တိုဘာကနေ ၂၀၂၅ ဇွန်လအထိ ဆောင်ရွက်ခဲ့ပြီး လက်ရှိအချိန်မှာတော့ အသင်းလက်မဲ့ဖြစ်နေပါတယ်။

မန်ယူအသင်းက ယာယီနည်းပြသစ် ခန့်အပ်မှုကို ဗုဒ္ဓဟူးနေ့မတိုင်ခင် ပြုလုပ်သွားနိုင်ဖို့ ရည်မှန်းထားကြောင်း သိရပြီး ဂျာနယ်လစ်တချို့ကတော့ ဒီနေ့မှာပဲ ကြေညာဖွယ်ရှိတယ်လို့လည်း ဖော်ပြနေကြပါတယ်။

Most Read

Most Recent