ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ဖို့ အိုဆင်မန် ဆက်သွယ်ခဲ့ကြောင်း သတင်းထွက်

ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ဖို့ အိုဆင်မန် ဆက်သွယ်ခဲ့ကြောင်း သတင်းထွက်
Photo: X
Photo: X
Published 5 January 2026

ဂါလာတာစာရေးအသင်းရဲ့ နိုင်ဂျီးရီးယားတိုုက်စစ်မှူး အိုဆင်မန်က ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့ဖို့ ဆက်သွယ်ကမ်းလှမ်းခဲ့ကြောင်း သတင်းထွက်လာပါတယ်။

အိုဆင်မန်(၂၇ နှစ်)ဟာ ၂၀၂၄ နွေရာသီမှာ နာပိုလီကနေ ဂါလာတာစာရေးကို အငှားနဲ့ပြောင်းရွှေ့ခဲ့ပြီး ၂၀၂၅ နွေရာသီမှာ ယူရို(၇၅)သန်းနဲ့ အပြီးသတ်ပြောင်းရွှေ့ခဲ့တာပါ။

အိုဆင်မန်ဟာ ဂါလာတာစာရေးအသင်းမှာ ခြေစွမ်းပြနိုင်ပေမဲ့ ဂျာမန်အမျိုးသမီးတစ်ဦးနဲ့ ငြိစွန်းနေတာကြောင့် ဂျာမန်မြေမှာ ပြောင်းရွှေ့ကစားဖို့ ဆန္ဒရှိနေခြင်းဖြစ်ကြောင်း သိရပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းက အိုဆင်မန် ဝုလ်ဖ်ဘတ်အသင်းမှာ ကစားတုန်းက ခေါ်ယူဖို့ ချိန်ရွယ်ခဲ့ဖူးပေမဲ့ လက်ရှိအချိန်မှာတော့ အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းရှိနေတာကြောင့် အိုဆင်မန်ကို ခေါ်ယူဖို့ စိတ်ဝင်စားခြင်းမရှိကြောင်း သိရပါတယ်။ 

ဂါလာတာစာရေးအသင်းနဲ့ ၂၀၂၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတဲ့ အိုဆင်မန်ကို ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေနဲ့ PSG အသင်းတို့ကတော့ ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

Most Read

Most Recent