ဂါဘွန်အသင်း အာဖရိကနိုင်ငံများဖလားပြိုင်ပွဲက ထွက်ခဲ့ရတာကြောင့် အူဘာမီယန်း မာဆေးလ်အသင်းနဲ့ ပြန်လည်ပူးပေါင်း

ဂါဘွန်အသင်း အာဖရိကနိုင်ငံများဖလားပြိုင်ပွဲက ထွက်ခဲ့ရတာကြောင့် အူဘာမီယန်း မာဆေးလ်အသင်းနဲ့ ပြန်လည်ပူးပေါင်း
Photo: X
Photo: X
Published 31 December 2025

ဂါဘွန်လက်ရွေးစင်တိုက်စစ်မှူး အူဘာမီယန်းဟာ ဂါဘွန်အသင်း အာဖရိကနိုင်ငံများဖလားပြိုင်ပွဲက ထွက်ခဲ့ရတာကြောင့် အုပ်စုနောက်ဆုံးပွဲကို မကစားတော့ဘဲ မာဆေးလ်အသင်းနဲ့ ပြန်လည်ပူးပေါင်းခဲ့ကြောင်း သိရပါတယ်။

ဂါဘွန်အသင်းဟာ ၂၀၂၅ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲရဲ့ အုပ်စု(F)မှာ အိုင်ဗရီကို့စ်၊ ကင်မရွန်း၊ မိုဇမ်ဘစ်တို့နဲ့ ကျရောက်ခဲ့ပြီး ကင်မရွန်းနဲ့ မိုဇမ်ဘစ်ကို နှစ်ပွဲဆက်ရှုံးနိမ့်ခဲ့တာကြောင့် ပွဲမကုန်ခင် အုပ်စုက ထွက်ရဖို့ သေချာသွားခဲ့တာပါ။

ဒါကြောင့် ဂါဘွန်အသင်းခေါင်းဆောင် အူဘာမီယန်းက အိုင်ဗရီကို့စ်နဲ့ ယှဉ်ပြိုင်ရမယ့် အုပ်စုနောက်ဆုံးပွဲကို မကစားတော့ဘဲ မာဆေးလ်အသင်းနဲ့ ပြန်လည်ပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

အူဘာမီယန်းဟာ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို (၆)ကြိမ်မြောက် ဝင်ရောက်ယှဉ်ပြိုင်တာဖြစ်ပြီး အသက်အရွယ်အရ သူ့ရဲ့နောက်ဆုံးနိုင်ငံတကာပြိုင်ပွဲ ဖြစ်ဖွယ်ရှိကြောင်း သိရပါတယ်။

အူဘာမီယန်းဟာ (၃၆)နှစ်နဲ့ (၆)လရှိပြီဖြစ်တာကြောင့် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲရဲ့ ဒုတိယအသက်အကြီးဆုံးဂိုးသွင်းသူအဖြစ် မိုဇမ်ဘစ်နဲ့ပွဲမှာ မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရပါတယ်။

Most Read

Most Recent