ရီးယဲလ်တိုက်စစ်မှူး အန်းဒရစ် လိုင်ယွန်အသင်းထံ အငှားနဲ့ ပြောင်းရွှေ့

ရီးယဲလ်တိုက်စစ်မှူး အန်းဒရစ် လိုင်ယွန်အသင်းထံ အငှားနဲ့ ပြောင်းရွှေ့
Photo: X
Photo: X
Published 24 December 2025

ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ဘရာဇီးလ်တိုက်စစ်မှူး အန်းဒရစ်ဟာ ပြင်သစ်ကလပ် လိုင်ယွန်အသင်းထံ (၆)လအငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ကြောင်း သိရပါတယ်။

အန်းဒရစ်(၁၉ နှစ်)ဟာ ပြီးခဲ့တဲ့ရာသီက ရီးယဲလ်အသင်းမှာ ပြိုင်ပွဲစုံ(၃၇)ပွဲ ပါဝင်ကစားခွင့်ရခဲ့ပေမဲ့ နည်းပြသစ် အလွန်ဆိုရောက်ရှိလာတဲ့ လက်ရှိရာသီမှာ (၃)ပွဲသာ ကစားခွင့်ရတာကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားအခွင့်အရေးအတွက် အငှားထွက်ကစားဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

လိုင်ယွန်အသင်းက အန်းဒရစ်ကို လုံလောက်တဲ့ ပွဲကစားခွင့်ရရှိမယ်လို့ အာမခံချက်ပေးခဲ့သလို၊ အငှားခေါ်ယူခြင်းအတွက် ရီးယဲလ်အသင်းကို ငှားရမ်းခ ယူရို(၁)သန်း ပေးချေခဲ့ရပြီး အန်းဒရစ်ရဲ့ လစာတစ်ဝက်ကို ပေးချေသွားရမယ်လို့ သိရပါတယ်။

အန်းဒရစ်ဟာ လိုင်ယွန်အသင်းမှာလည်း ကျောနံပါတ်(၉) ဝတ်ဆင်ရမှာဖြစ်ပြီး  ဇန်နဝါရီလမှာ အသင်းသစ်နဲ့ စတင်ပူးပေါင်းရမှာပါ။

ပြင်သစ်လိဂ်ကလည်း လက်ရှိအချိန်မှာ ဆောင်းရာသီအနားပေးထားပြီး ပြန်လည်စတင်မယ့် ဇန်နဝါရီ(၃)ရက်မှာ မိုနာကိုနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ကြောင်း သိရပါတယ်။

လိုင်ယွန်အသင်းဟာ ဒီရာသီ ပြင်သစ်လီဂူးပြိုင်ပွဲမှာ အဆင့်(၅)နေရာ ရပ်တည်နေပြီး ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း ထိပ်ဆုံးက ဦးဆောင်နေပါတယ်။

Most Read

Most Recent