အာဂျင်တီးနားနဲ့ စပိန်အသင်းတို့ရဲ့ Finalissima ပွဲကို ကာတာနိုင်ငံမှာ မတ်(၂၇)ရက်နေ့ ယှဉ်ပြိုင်ရမယ်

အာဂျင်တီးနားနဲ့ စပိန်အသင်းတို့ရဲ့ Finalissima ပွဲကို ကာတာနိုင်ငံမှာ မတ်(၂၇)ရက်နေ့ ယှဉ်ပြိုင်ရမယ်
Photo: X
Photo: X
Published 19 December 2025

တောင်အမေရိကချန်ပီယံ အာဂျင်တီးနားနဲ့ ဥရောပချန်ပီယံ စပိန်အသင်းတို့ရဲ့ Finalissima ပွဲကို ကာတာနိုင်ငံမှာ မတ်(၂၇)ရက်နေ့ ယှဉ်ပြိုင်ရမှာဖြစ်ကြောင်း အတည်ပြုကြေညာလိုက်ပါတယ်။

Finalissima ပြိုင်ပွဲဟာ အရင်က ရှိခဲ့ဖူးတဲ့ Artemio Franchi ပြိုင်ပွဲကို ၂၀၂၂ ခုနှစ်မှာ ပြန်လည်အသက်သွင်းခဲ့တာဖြစ်ပြီး တောင်အမေရိကချန်ပီယံနဲ့ ဥရောပချန်ပီယံတို့ တစ်ပွဲတည်းယှဉ်ပြိုင်ပြီး ဖလားလုရတဲ့ပြိုင်ပွဲ ဖြစ်ပါတယ်။

၂၀၂၂ ပြိုင်ပွဲမှာ ၂၀၂၁ ကိုပါအမေရိကချန်ပီယံ အာဂျင်တီးနားနဲ့ ယူရို-၂၀၂၀ ချန်ပီယံ အီတလီတို့ ယှဉ်ပြိုင်ခဲ့ပြီး အာဂျင်တီးနားအသင်းက (၃-၀)ဂိုးနဲ့ အနိုင်ရရှိခဲ့သလို၊  အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီက အကောင်းဆုံးကစားသမားဆု ရရှိခဲ့ပါတယ်။

အခု ၂၀၂၆ Finalissima ပွဲမှာတော့ ၂၀၂၄ ကိုပါအမေရိကချန်ပီယံ အာဂျင်တီးနားနဲ့ ယူရို-၂၀၂၄ ချန်ပီယံ စပိန်အသင်းတို့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အာဂျင်တီးနားအကျော်အမော် မက်ဆီနဲ့ စပိန်ကြယ်ပွင့် ယမားလ်တို့ ရင်ဆိုင်ရမယ့်ပွဲအဖြစ် ညွှန်းဆိုနေကြပါတယ်။

၂၀၂၂ Finalissima ပွဲကို အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မှာ ကျင်းပခဲ့ပေမဲ့ ၂၀၂၆ Finalissima ပွဲကိုတော့ ကာတာနိုင်ငံ၊ ဒိုဟာမြို့မှာ ကျင်းပဖို့ တာဝန်ရှိသူတွေက ဆုံးဖြတ်ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

Most Read

Most Recent