ဟာသသရုပ်ဆောင် ညောင်ညောင် ကွယ်လွန်ခဲ့ပြီး နာရေးကို ရေဝေးသုသာန်၌ ဒီဇင်ဘာ ၁၉ ရက်တွင် ပြုလုပ်မည်

ဟာသသရုပ်ဆောင် ညောင်ညောင် ကွယ်လွန်ခဲ့ပြီး နာရေးကို ရေဝေးသုသာန်၌ ဒီဇင်ဘာ ၁၉ ရက်တွင် ပြုလုပ်မည်
Published 18 December 2025

ဟာသသရုပ်ဆောင် ညောင်ညောင် ကွယ်လွန်ခဲ့ပြီး နာရေးကို ရေဝေးသုသာန်၌ ဒီဇင်ဘာ ၁၉ ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ဟာသသရုပ်ဆောင် ညောင်ညောင်(ခ) ဦးညီညီလှိုင်မှာ ဒီဇင်ဘာ ၁၇ ရက် ည ၇ နာရီ ၁၀ မိနစ်တွင် ရန်ကုန်မြို့ မြောက်ဥက္ကလာပ OSC ဆေးရုံတွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

“ကိုညီရေ။ဒီတခါတော့တကယ်နှုတ်ဆက်သွားပြီပေါ့။ သံသရာတကွေ့..ပြန်တွေ့ကြရအောင်ဗျာ" ဟု သရုပ်ဆောင်လွင်မိုးက လူမှုကွန်ရက်တွင်ရေးသားထားသည်။

ညောင်ညောင်၏ ကျန်ရစ်သော ရုပ်ကလာပ်အား  OSC ဆေးရုံမှ ရေဝေးသုဿန်ရှိအအေးခန်းသို့ နာရေးကူညီမှုအသင်း (ရန်ကုန်) မှရုပ်ရှင်သရုပ်ဆောင်ထွန်းကိုကိုနှင့်အသင်းသူ/သားများမှ ဒီဇင်ဘာ ၁၈ ရက်နံနက်တွင် ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

    

ဟာသသရုပ်ဆောင် ညောင်ညောင်မှာ အသည်းရောဂါကို ကာလရှည်ခံစားခဲ့ရသူဖြစ်ကြောင်း သိရပြီး ကွယ်လွန်ချိန်တွင် အသက် ၆၂ နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာ ၁၉ ရက် နံနက် ၁၁ နာရီတွင် နေအိမ်မှ ကားများ ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent