အန်ဂါစ် - နန့်စ် (ဒီဇင်ဘာ ၁၃ ရက် နံနက် ၂း၁၅ နာရီ)
နန့်စ်က (၆)ပွဲဆက် နိုင်ပွဲပျောက်ဆုံးခြင်းနဲ့အတူ တန်းဆင်းဇုန်ထဲရောက်ရှိနေပါတယ်။ အန်ဂါစ်ကတော့ အခုနောက်ပိုင်း ရလဒ်တွေ ကောင်းနေပါတယ်။ အန်ဂါစ်အသင်း အနိုင်ရဖို့များပါတယ်။
အူန်ယွန်းဘာလင် - လိုက်ပ်ဇစ် (ဒီဇင်ဘာ ၁၃ ရက် နံနက် ၂းဝ၀ နာရီ)
လိုက်ပ်ဇစ်က အမှတ်ပေးဇယားဒုတိယနေရာကအသင်းဖြစ်ပြီး အူန်ယွန်းဘာလင်ကတော့ အဆင့်(၁၂)မှာပါ။ ပြိုင်ပွဲစုံနောက်ဆုံး(၃)ပွဲဆက်လည်း ရှုံးနိမ့်ထားပါတယ်။ အဝေးကွင်းဖြစ်ပေမဲ့ လိုက်ပ်ဇစ်အသင်း (၃)မှတ်အပြည့် ယူပါလိမ့်မယ်။
လက်ချီ - ပီဆာ (ဒီဇင်ဘာ ၁၃ ရက် နံနက် ၂း၁၅ နာရီ)
တန်းဆင်းဇုန်အမှတ်လုပွဲဖြစ်ပြီး လတ်တလောခြေစွမ်းချင်းလည်း သိပ်မကွာခြားပါဘူး။ ပီဆာက အဝေးကွင်းမှာ ရုန်းကန်ရတတ်တဲ့အသင်းဖြစ်တာကြောင့် လက်ချီကိုပဲ ရွေးချယ်ချင်ပါတယ်။
ဆိုစီဒက် - ဂျီရိုနာ (ဒီဇင်ဘာ ၁၃ ရက် နံနက် ၂း၃၀ နာရီ)
ဒီရာသီမှာတော့ ဂျီရိုနာအသင်း ပိုမိုရုန်းကန်ရမယ့်အလားအလာကို မြင်တွေ့နေရပြီး တန်းဆင်းအန္တရာယ်နဲ့ ရင်ဆို်င်နေရပါပြီ။ ဆိုစီဒက်ရဲ့ ခြေစွမ်းကလည်း ခပ်ညံ့ညံံံ့သာ ရှိနေပါသေးတယ်။ ဒါပေမဲ့ အိမ်ကွင်းမှာတော့ အမှားနည်းအောင် ကစားတတ်တာကြောင့် ဆိုစီဒက်ကိုပဲ ရွေးချင်ပါတယ်။















