အင်တာမိုင်ယာမီအသင်းနဲ့ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီဟာ ဒီဇင်ဘာ(၁၃၊ ၁၄၊ ၁၅)မှာ GOAT Tour အဖြစ် အိန္ဒိယနိုင်ငံကို သွားရောက်မယ်လို့ သိရပါတယ်။
မက်ဆီဟာ သုံးရက်ကြာမြင့်မယ့် ဒီခရီးစဉ်မှာ အိန္ဒိယနိုင်ငံက မြို့ကြီး(၄)မြို့ကို လည်ပတ်သွားမှာဖြစ်ပြီး အသင်းဖော်တွေဖြစ်တဲ့ လူးဝစ်ဆွာရက်ဇ်နဲ့ ဒီပေါလ်တို့လည်း လိုက်ပါသွားမယ်လို့ သိရပါတယ်။
မက်ဆီရဲ့ GOAT Tour မှာ အစီအစဉ်အမျိုးမျိုး ပါဝင်မှာဖြစ်ပြီး အိန္ဒိယဝန်ကြီးချုပ်အပါအဝင် နာမည်ကျော်ပုဂ္ဂိုလ်တွေနဲ့လည်း ဆုံတွေ့သွားမှာဖြစ်ပါတယ်။
ဒီခရီးစဉ်ကို ဦးဆောင်သူတွေက မက်ဆီနဲ့ တွေ့ဆုံခွင့်ရဖို့ ပရိသတ်တွေကို လက်မှတ်တွေ ရောင်းချပေးနေကြောင်းလည်း သိရပါတယ်။
မက်ဆီဟာ ဒီခရီးစဉ်မှာ ကိုလ်ကတ္တားမြို့က ပေ(၇၀)မြင့်တဲ့ သူ့ရဲ့ပုံတူရုပ်တုကိုလည်း ဖွင့်လှစ်ပေးမှာဖြစ်ပြီး ဒီရုပ်တုဟာ ဘောလုံးသမားတွေရဲ့ ရုပ်တုတွေထဲမှာ အကြီးဆုံးဖြစ်ကြောင်းလည်း သိရပါတယ်။















