အင်တာကွန်တီနင်တယ်ဖလားဗိုလ်လုပွဲမှာ ဖလာမင်ဂိုနဲ့ မဆုံတွေ့လိုဘူးလို့ အင်နရီကေး ပြောကြား

အင်တာကွန်တီနင်တယ်ဖလားဗိုလ်လုပွဲမှာ ဖလာမင်ဂိုနဲ့ မဆုံတွေ့လိုဘူးလို့ အင်နရီကေး ပြောကြား
Photo: X
Photo: X
Published 12 December 2025

PSG အသင်းရဲ့နည်းပြ အင်နရီကေးက အင်တာကွန်တီနင်တယ်ဖလားဗိုလ်လုပွဲမှာ ဖလာမင်ဂိုအသင်းနဲ့ မဆုံတွေ့လိုဘူးလို့ ပြောကြားခဲ့ပါတယ်။

ဒုတိယအကြိမ်အဖြစ် ကျင်းပနေတဲ့ အင်တာကွန်တီနင်တယ်ဖလားပြိုင်ပွဲမှာ ချန်ပီယံလိဂ်ဖလားရရှိထားတဲ့ PSG အသင်းက ဗိုလ်လုပွဲရောက်မှ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

တောင်အမေရိကချန်ပီယံဖြစ်တဲ့ ဘရာဇီးလ်ကလပ် ဖလာမင်ဂိုအသင်းက ဒုတိယအဆင့်က စတင်ယှဉ်ပြိုင်ရတာဖြစ်ပြီး ဗိုလ်လုပွဲမရောက်ခင် နောက်ဆုံး Play-off အဆင့်ကို ဖလာမင်ဂိုနဲ့ အီဂျစ်ကလပ် ပိရမစ်အသင်းတို့ တက်ရောက်နိုင်ခဲ့ပါတယ်။

အဲဒီနှစ်သင်းက ဒီဇင်ဘာ(၁၃)မှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး ဒုတိယအဆင့်ကစတင်ကာ ကာတာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတာပါ။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို တိုးချဲ့ကျင်းပနေတာကြောင့် တိုက်ကြီးများအလိုက် ချန်ပီယံအသင်းတွေသာ ယှဉ်ပြိုင်ရတဲ့ ဒီပြိုင်ပွဲကို ပြန်လည်အသက်သွင်းခဲ့တာဖြစ်ပါတယ်။

''ကျွန်တော် ပိရမစ်နဲ့ပဲ ဆုံတွေ့ချင်ပါတယ်။ သူတို့ကို ကျွန်တော် မသိပါဘူး။ သူတို့လည်း ကျွန်တော်တို့ကို အနိုင်ရနိုင်တာ သေချာပါတယ်။ ဒါပေမဲ့ ဖလာမင်ဂိုနဲ့တော့ မတွေ့ချင်ပါဘူး။ သူတို့ကို နွေရာသီတုန်းက ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မြင်တွေ့ခဲ့ပါတယ်။ သူတို့က အရည်အသွေးနဲ့ အတွေ့အကြုံရှိတဲ့ ကစားသမားတွေရယ်၊ ထိပ်တန်းနည်းပြရယ် ပေါင်းစပ်ထားတဲ့ ထိပ်တန်းအသင်းတစ်သင်းပါ'' လို့ အင်နရီကေးက ပြောကြားခဲ့ပါတယ်။

 

Most Read

Most Recent