၂၀၂၆ ဆစ်ဒနီစူပါဖလားပြိုင်ပွဲမှာ ချယ်လ်ဆီးနဲ့ စပါး ပါဝင်ယှဉ်ပြိုင်မယ်

၂၀၂၆ ဆစ်ဒနီစူပါဖလားပြိုင်ပွဲမှာ ချယ်လ်ဆီးနဲ့ စပါး ပါဝင်ယှဉ်ပြိုင်မယ်
Photo: X
Photo: X
Published 8 December 2025

၂၀၂၆ ဇူလိုင်ကနေ သြဂုတ်လအတွင်း သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ ကျင်းပပြုလုပ်မယ့် ဆစ်ဒနီစူပါဖလားပြိုင်ပွဲမှာ လန်ဒန်ထိပ်သီး ချယ်လ်ဆီးနဲ့ စပါးတို့ ပါဝင်ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။

ပြိုင်ပွဲမှာ ဆစ်ဒနီမြို့ခံ ကလပ်အသင်းနှစ်သင်းဖြစ်တဲ့ ဆစ်ဒနီ FC နဲ့ ဝက်စ်တန်းဆစ်ဒနီဝမ်းဒါးရားစ်အသင်းတို့နဲ့အတူ စုစုပေါင်း(၄)သင်း ပါဝင်ယှဉ်ပြိုင်မှာပါ။

ဒါပေမဲ့ အိမ်ရှင်ကလပ်တွေက တစ်ပွဲစီသာယှဉ်ပြိုင်မှာဖြစ်ပြီး ဝက်စ်တန်းဆစ်ဒနီဝမ်းဒါးရားစ်က ချယ်လ်ဆီး၊ ဆစ်ဒနီ FC က စပါးနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ချယ်လ်ဆီးနဲ့ စပါးတို့ကတော့ အချင်းချင်းထိပ်တိုက်ရင်ဆိုင်ရမယ့်ပွဲလည်း ပါဝင်နေတာကြောင့် လန်ဒန်ဒါဘီပွဲကို သြစတြေးလျမှာ မြင်တွေ့ရမှာပါ။

ဒါ့အပြင် ချယ်လ်ဆီးအမျိုးသမီးအသင်းကလည်း အေလိဂ်အမျိုးသမီး All-Stars အသင်းနဲ့ ယှဉ်ပြိုင်ကစားမယ်လို့ သိရပါတယ်။

ဆစ်ဒနီစူပါဖလားပြိုင်ပွဲကို ၂၀၂၂ နိုဝင်ဘာလတုန်းက တစ်ကြိမ်ကျင်းပခဲ့ဖူးပြီး အဲဒီ တုန်းက ဆစ်ဒနီမြို့ခံနှစ်သင်းနဲ့အတူ ဆဲလ်တစ်နဲ့ အဲဗာတန်တို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရပါတယ်။

 

Most Read

Most Recent