ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲမှာ ထိုင်းနဲ့ ဗီယက်နမ်တို့ နိုင်ပွဲကိုယ်စီနဲ့ တာထွက်လှပခဲ့

ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲမှာ ထိုင်းနဲ့ ဗီယက်နမ်တို့ နိုင်ပွဲကိုယ်စီနဲ့ တာထွက်လှပခဲ့
Photo: Asean Football
Photo: Asean Football
Published 3 December 2025

၂၀၂၅ ဆီးဂိမ်းစ်ပြိုင်ပွဲရဲ့ အမျိုးသားဘောလုံး အုပ်စုအဆင့်ပွဲစဉ်တွေကို ဒီနေ့ စတင်ယှဉ်ပြိုင်ခဲ့ရာမှာ အိမ်ရှင် ထိုင်းနဲ့ ဗီယက်နမ်တို့ နိုင်ပွဲကိုယ်စီနဲ့ တာထွက်လှပခဲ့ကြောင်း သိရပါတယ်။

ထိုင်းက တီမောကို (၆-၁)ဂိုး၊ ဗီယက်နမ်က လာအိုကို (၂-၁)ဂိုးတွေနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး မြန်မာအသင်း ပါဝင်တဲ့ အုပ်စု(C)ပွဲစဉ်ကိုတော့ ဒီဇင်ဘာ(၅)မှာမှ စတင်ယှဉ်ပြိုင်ရမှာပါ။

ထိုင်းက အုပ်စု(A)မှာ တီမော၊ စင်ကာပူတို့နဲ့အတူ ကျရောက်ခဲ့ပြီး ဗီယက်နမ်က အုပ်စု(B)မှာ လာအို၊ မလေးရှားတို့နဲ့အတူ ကျရောက်ခဲ့ပါတယ်။

မြန်မာအသင်းကတော့ အုပ်စု(C)မှာ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တို့နဲ့အတူ ကျရောက်ခဲ့တာဖြစ်ပြီး အုပ်စုပထမရတဲ့အသင်းတွေနဲ့ အကောင်းဆုံးအုပ်စုဒုတိယရတဲ့အသင်း စုစုပေါင်း (၄)သင်းက ဆီမီးဖိုင်နယ်တက်ရောက်ခွင့်ရမှာဖြစ်ကြောင်း သိရပါတယ်။

မြန်မာအသင်းက ဒီဇင်ဘာ(၅)မှာ ဖိလစ်ပိုင်၊ ဒီဇင်ဘာ(၁၂)မှာ အင်ဒိုနီးရှားနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

Most Read

Most Recent