ပရီးမီးယားလိဂ်ပွဲ(၁၀၀)ကို အသက်အငယ်ဆုံးနဲ့ ပြည့်မြောက်တဲ့ တောင်အမေရိကကစားသမားအဖြစ် ဂါနာချို မှတ်တမ်းဝင်

ပရီးမီးယားလိဂ်ပွဲ(၁၀၀)ကို အသက်အငယ်ဆုံးနဲ့ ပြည့်မြောက်တဲ့ တောင်အမေရိကကစားသမားအဖြစ် ဂါနာချို မှတ်တမ်းဝင်
Photo: X
Photo: X
Published 1 December 2025

ချယ်လ်ဆီးအသင်းရဲ့ အာဂျင်တီးနားတောင်ပံကစားသမား ဂါနာချိုဟာ ပရီးမီးယားလိဂ်ပွဲ(၁၀၀)ကို အသက်အငယ်ဆုံးနဲ့ ပြည့်မြောက်တဲ့ တောင်အမေရိကကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။

ဂါနာချိုဟာ အာဆင်နယ်နဲ့ သရေကျခဲ့တဲ့ လန်ဒန်ဒါဘီပွဲမှာ လူစားဝင်ကစားပြီး အသက်(၂၁ နှစ်၊ ၁၅၂ ရက်)နဲ့ ဒီစံချိန်မှတ်တမ်းကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

ဂါနာချို မတိုင်ခင် ပွဲ(၁၀၀)ပြည့်အသက်အငယ်ဆုံးတောင်အမေရိကကစားသမားအဖြစ် စံချိန်တင်ထားခဲ့သူကတော့ အာဆင်နယ်အသင်းက ဘရာဇီးလ်တိုက်စစ်ကစားသမား မာတင်နယ်လီ(၂၂ နှစ်၊ ၁၂၅ ရက်)ဖြစ်ပါတယ်။

ဂါနာချိုဟာ ပရီးမီးယားလိဂ်မှာ မန်ယူအသင်းနဲ့အတူ (၉၃)ပွဲကစားခဲ့ပြီး ချယ်လ်ဆီးနဲ့ (၇)ပွဲကစားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ဂါနာချိုနဲ့ မာတင်နယ်လီတို့ရဲ့နောက် အသက်အငယ်ဆုံးတောင်အမေရိကကစားသမားတွေကတော့ ရစ်ချာလီဆန်၊ ကိုင်စီဒိုနဲ့ ဂျေးဇူးတို့ဖြစ်ကြောင်း သိရပါတယ်။

ဂါနာချိုဟာ ဒီနှစ်နွေရာသီမှာမှ မန်ယူကနေ ချယ်လ်ဆီးကို ပေါင်သန်း(၄၀)နဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။

Most Read

Most Recent