တရုတ် (တိုင်ပေ) အရေးနှင့်ပတ်သက်ပြီး တရုတ်ကို  ရန်မစရန် အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ဂျပန်ဝန်ကြီးချုပ် တာကာအီချီကို ပြောကြား

တရုတ် (တိုင်ပေ) အရေးနှင့်ပတ်သက်ပြီး တရုတ်ကို  ရန်မစရန် အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ဂျပန်ဝန်ကြီးချုပ် တာကာအီချီကို ပြောကြား
Published 27 November 2025

တရုတ် (တိုင်ပေ) အရေးနှင့်ပတ်သက်ပြီး တရုတ်ကို ရန်မစရန် အမေရိကန်သမ္မတဒေါ် နယ်ထရန့်က ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီကို ပြောကြားခဲ့သည်ဟု Wall Street Journal သတင်းစာက နိုဝင်ဘာ ၂၇ ရက်တွင် ဖော်ပြခဲ့သည်။

တရုတ် (တိုင်ပေ) အရေးနှင့်ပတ်သက်ပြီး ဂျပန်ဝန်ကြီးချုပ် တာကာအီချီ၏ မှတ်ချက်စကားကြောင့် ဂျပန်နှင့် တရုတ်ကြား သံတမန်ဆက်ဆံရေးတင်းမာခဲ့ပြီးနောက် ယခုသတင်းထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ယခုလအစောပိုင်းက တာကာအီချီသည် ဂျပန်လွှတ်တော်တွင် ပြောကြားခဲ့သည့် မှတ်ချက်စကားအတွင်း တရုတ်အနေဖြင့် တရုတ်(တိုင်ပေ)ကို တိုက်ခိုက်မည်ဆိုပါက ဂျပန်က စစ်ရေးဖြင့် ကြားဝင်ရလိမ့်မည်ဖြစ် ကြောင်း ပြောကြားခဲ့သဖြင့် နှစ်နိုင်ငံတင်းမာမှုများ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

နိုဝင်ဘာ ၂၄ ရက်က ထရမ့်နှင့် တရုတ်သမ္မတ ရှီကျင်းပင်တို့ ဖုန်းဆက်သွယ်ပြောဆိုမှုတွင် ရှီက တရုတ် (တိုင်ပေ)သည် စစ်ပွဲအလွန် နိုင်ငံတကာအခင်းအကျင်းတွင် တရုတ်၏ ခွဲခြားမရသည့် အစိတ်အပိုင်းဖြစ်ကြောင်း  ပြောကြားခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ထို့နောက် မကြာမီအချိန်အတွင်းမှာပင် ထရန့်သည် တာကာအီချီနှင့် ဖုန်းဆက်သွယ်ပြောဆိုခဲ့ပြီး တရုတ် (တိုင်ပေ)၏ အချုပ်အခြာအာဏာနှင့်ပတ်သက်ပြီး တရုတ်ကို ရန်မစရန် အကြံပေးခဲ့သည်ဟု Wall Street Journal သတင်းစာက ထိုဖုန်းခေါ်ဆိုမှုနှင့် ပတ်သက်ပြီး နီးစပ်သည့် ဂျပန်အရာရှိများနှင့် အမေရိကန်နိုင်ငံသား တစ်ဦးကို ကိုးကားပြီး သတင်းဖော်ပြခဲ့သည်။

“ထရန့်ရဲ့ အကြံပြုချက်က လိမ်မာပါး နပ်ပါတယ်။ သူက တာကာအီချီကို သူပြောခဲ့တဲ့ မှတ်ချက်စကားကို ပြန်လည်ရုပ်သိမ်းဖို့ ဖိအားမပေးခဲ့ပါဘူး”ဟု အဆိုပါသတင်းစာတွင် ဖော်ပြခဲ့သည်။

တာကာအီချီကလည်း သူသည် ထရန့် နှင့် ဖုန်းပြောဆိုခဲ့ချိန်က ထရန့်နှင့် ရှီ တို့ကြား ဖုန်းဆက်သွယ်ပြောဆိုခဲ့ သည့်အကြောင်းကို ဆွေးနွေးခဲ့သည်ဟု ပြောကြားခဲ့သည်။

ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး အေအက်ဖ်ပီသတင်းဌာန၏ မှတ်ချက်တောင်းခံမှုကို တာကာအီချီ၏ ရုံးက မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

ယခုလအစောပိုင်းက တာကာအီချီ၏ မှတ်ချက်စကားများနှင့်ပတ်သက်ပြီး တရုတ်(တိုင်ပေ)ကို အင်အားသုံး ထိန်းချုပ်မည်ဟု ခြိမ်းခြောက်ခဲ့သည့် တရုတ်က ဒေါသတကြီး တုံ့ပြန်ခဲ့ပြီး တရုတ်နိုင်ငံဆိုင်ရာ ဂျပန်သံအ မတ်ကို ဆင့်ခေါ်ခဲ့ကာ တရုတ်နိုင်ငံသားများကိုလည်း ဂျပန်သို့ မသွားရန် အကြံပြုခဲ့သည်။

နိုဝင်ဘာ ၂၅ ရက်က ဂျပန်နိုင်ငံရှိ တရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင် ရာဇဝတ်မှုများ မြင့်တက်လာခဲ့သဖြင့် သတိထားကြရန် နှင့် တရုတ်နိုင်ငံသားများသည် အကြောင်းပြချက်မရှိဘဲ တိုက်ခိုက်ခံရခြင်း၊ ရိုက်နှက်ခံရ ခြင်းတို့ကြောင်း ဒဏ်ရာရသည့် သတင်းများလည်း ထွက်ပေါ်ခဲ့ကြောင်း ဖော်ပြထားသည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနကမူ မည်သည့်ရာဇဝတ်မှုမျှ မြင့်တက်လာခြင်းမရှိကြောင်း ယခုနှစ် ဇန်နဝါရီမှ အောက်တိုဘာလကြား အမျိုးသားရဲတပ်ဖွဲ့အေဂျင်စီ၏ မှုခင်းမှတ်တမ်းများကို ကိုးကားပြီး ငြင်းဆိုခဲ့ သည်။ ထိုမှုခင်းမှတ်တမ်းအရ ယခုနှစ်အတွင်း လူသတ်မှုအရေအတွက်သည် ၂၀၂၄ ခုနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ထက်ဝက်ခန့် လျော့ကျခဲ့သည်ဟု ဖော်ပြထားသည်။

Ref:AFP

                                            

Most Read

Most Recent