နောက်ဆုံးရရှိခဲ့တဲ့ ဒူးဒဏ်ရာကြောင့် ၂၀၂၅ ခုနှစ်အတွင်း နေမာ ပြန်ကစားနိုင်မှာ မဟုတ်တော့

နောက်ဆုံးရရှိခဲ့တဲ့ ဒူးဒဏ်ရာကြောင့် ၂၀၂၅ ခုနှစ်အတွင်း နေမာ ပြန်ကစားနိုင်မှာ မဟုတ်တော့
Photo: X
Photo: X
Published 26 November 2025

ဆန်းတို့စ်အသင်းရဲ့ ဘရာဇီးလ်တိုက်စစ်ကစားသမား နေမာဟာ နောက်ဆုံးရရှိခဲ့တဲ့ ဒူးဒဏ်ရာကြောင့် ၂၀၂၅ ခုနှစ်အတွင်း ပြန်ကစားနိုင်တော့မှာမဟုတ်ကြောင်း သိရပါတယ်။

နေမာဟာ မီရာဆိုးလ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲမှာ ဘယ်ဘက်ဒူးဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး အဲဒီပွဲမှာ ပွဲချိန်ပြည့်ကစားခဲ့ပေမဲ့  အင်တာနေစီယွန်နယ်နဲ့ပွဲမှာ မပါဝင်ခဲ့သလို၊ ဆန်းတို့စ်အသင်းရဲ့ ဘရာဇီးလ်စီးရီးအေလက်ကျန်(၃)ပွဲစလုံးကို လွဲချော်ရမယ်လို့ သိရပါတယ်။

ဆန်းတို့စ်အသင်းဟာ တန်းဆင်းဇုန်အတွင်း ကျရောက်နေတာကြောင့် နေမာ မပါဝင်နိုင်တာဟာ အသင်းအတွက် ထိခိုက်နစ်နာမှု ဖြစ်စေခဲ့သလို၊ နေမာအနေနဲ့လည်း ၂၀၂၆ ကမ္ဘာ့ဖလားမျှော်လင့်ချက် မှေးမှိန်သွားစေနိုင်ကြောင်း သုံးသပ်မှုတွေ ရှိနေပါတယ်။

နေမာဟာ ဘာစီလိုနာအသင်းကို ရောက်ရှိခဲ့တဲ့ ၂၀၁၃-၁၄ ရာသီကစတွက်ရင် ဒဏ်ရာရရှိမှု (၄၅)ကြိမ်ရှိခဲ့ပြီး ဒဏ်ရာကြောင့်အနားယူရတဲ့ရက်ပေါင်း (၁၄၂၉)ရက်၊ လွဲချော်ခဲ့တဲ့ပွဲပေါင်း (၂၆၅)ပွဲ ရှိခဲ့ကြောင်းလည်း သိရပါတယ်။

နေမာဟာ ကမ္ဘာ့ဖလားအခွင့်အရေးအတွက် ဥရောပမှာ ပြန်လည်ပြောင်းရွှေ့ကစားဖို့ ရည်ရွယ်နေပေမဲ့ ဒဏ်ရာတွေနဲ့သာ ရုန်းကန်နေရတာကြောင့် ဖြစ်နိုင်ခြေနည်းပါးကြောင်း သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

Most Read

Most Recent