တစ်နေ့နေ့မှာ အင်တာမီလန်အသင်းကို ကိုင်တွယ်ခွင့်ရမယ်လို့ထင်ကြောင်း ဆီမြွန်နီ ပြောကြား

တစ်နေ့နေ့မှာ အင်တာမီလန်အသင်းကို ကိုင်တွယ်ခွင့်ရမယ်လို့ထင်ကြောင်း ဆီမြွန်နီ ပြောကြား
Photo: X
Photo: X
Published 26 November 2025

အက်သလက်တီကိုအသင်းရဲ့နည်းပြ ဆီမြွန်နီက တစ်နေ့နေ့မှာ အင်တာမီလန်အသင်းကို ကိုင်တွယ်ခွင့်ရမယ်လို့ထင်ကြောင်း ပြောကြားခဲ့ပါတယ်။

အာဂျင်တီးနားနည်းပြ ဆီမြွန်နီဟာ ကစားသမားဘဝတုန်းက အင်တာမီလန်အသင်းမှာ နှစ်ရာသီကြာ ကစားခဲ့ဖူးသူဖြစ်ပြီး UEFA ဖလားလည်း ရရှိခဲ့ပါတယ်။

ဆီမြွန်နီက အင်တာမီလန်အသင်းကို ကိုင်တွယ်လိုကြောင်း အရင်ကလည်း ပြောကြားခဲ့ဖူးပြီး ဒီည ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အင်တာမီလန်အသင်းနဲ့ ရင်ဆိုင်ရမှာကြောင့် ထပ်မံပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

''ဒါက ကျွန်တော့်တစ်ယောက်တည်းအပေါ် မူမတည်ပါဘူး။ ဒါပေမဲ့ ကျွန်တော့်ရဲ့နည်းပြဘဝမှာ အင်တာမီလန်အသင်းရဲ့နည်းပြအဖြစ် ဆောင်ရွက်ခွင့်ရမယ်လို့ စိတ်ကူးမိပါတယ်။ တစ်နေ့နေ့မှာ ဖြစ်လာမယ်လို့ ထင်ပါတယ်'' လို့ ဆီမြွန်နီက ပြောကြားခဲ့ပါတယ်။

ဆီမြွန်နီက ၂၀၀၆ ခုနှစ်ကတည်းက နည်းပြဘဝကို ကူးပြောင်းခဲ့သူဖြစ်ပြီး အက်သလက်တီကိုအသင်းကိုတော့ ၂၀၁၁ ခုနှစ်ကတည်းက ကာလရှည်ကိုင်တွယ်နေတာဖြစ်တဲ့အပြင် ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားကြောင်း သိရပါတယ်။

Most Read

Most Recent