စပါးအသင်းကို ကစားသမားဘဝမှာရော နည်းပြဘဝမှာပါ အိမ်ကွင်းမှာ အာတေတာ ရှုံးနိမ့်ဖူးခြင်းမရှိကြောင်း အာဆင်နယ်အသင်း ဖော်ပြ

စပါးအသင်းကို ကစားသမားဘဝမှာရော နည်းပြဘဝမှာပါ အိမ်ကွင်းမှာ အာတေတာ ရှုံးနိမ့်ဖူးခြင်းမရှိကြောင်း အာဆင်နယ်အသင်း ဖော်ပြ
Photo: Arsenal
Photo: Arsenal
Published 21 November 2025

အာဆင်နယ်အသင်းဟာ နည်းပြ အာတေတာအနေနဲ့ လန်ဒန်မြို့ခံပြိုင်ဘက် စပါးအသင်းကို ကစားသမားဘဝမှာရော နည်းပြဘဝမှာပါ အိမ်ကွင်းမှာ ရှုံးနိမ့်ဖူးခြင်းမရှိကြောင်း အသင်းဝက်ဘ်ဆိုက်မှာ ဖော်ပြခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ အခုတစ်ပတ်    ပရီးမီးယားလိဂ်ပွဲစဉ် ၁၂ မှာ စပါးအသင်းနဲ့ အိမ်ကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားရမှာဖြစ်တာကြောင့် အခုလို ဖော်ပြခဲ့ခြင်းလည်းဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေပြီး စပါးအသင်းကတော့ အာဆင်နယ်အသင်းနဲ့ ရှစ်မှတ်အကွာ အဆင့်ငါးနေရာမှာ ရပ်တည်နေပါတယ်။

အာဆင်နယ်အသင်းဟာ ရာသီကြိုကာလက ဟောင်ကောင်မှာ ယှဉ်ပြိုင်ခဲ့တဲ့ ခြေစမ်းပွဲမှာ စပါးအသင်းကို ရှုံးနိမ့်ခဲ့ပေမဲ့ ပြိုင်ပွဲအဆင့်ပွဲစဉ်တွေမှာတော့ နောက်ဆုံးခြောက်ပွဲဆက် ရှုံးနိမ့်ခဲ့ခြင်းမရှိကြောင်း သိရပါတယ်။

လာမယ့်ပွဲမှာလည်း အာဆင်နယ်အသင်း နိုင်ပွဲဆက်မယ်လို့ တစ်ပေးခံထားရပါတယ်။

အာဆင်နယ်အသင်းဝက်ဘ်ဆိုက်မှာ ဖော်ပြထားမှုအရ အာတေတာဟာ အိမ်ကွင်းမှာ စပါးအသင်းနဲ့ စုစုပေါင်း ၁၀ ပွဲ ဆုံတွေ့ခဲ့ရာ ခုနစ်ပွဲနိုင်၊ သုံးပွဲသရေကျခဲ့ကြောင်း၊ ကစားသမားဘဝ ဆုံတွေ့ခဲ့တဲ့ ငါးပွဲမှာ သုံးပွဲနိုင်၊ နှစ်ပွဲသရေကျခဲ့ပြီး နည်းပြဘဝ ဆုံတွေ့ခဲ့တဲ့ ငါးပွဲမှာ လေးပွဲနိုင်၊ တစ်ပွဲသရေကျခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ဒါ့ကြောင့် အာတေတာအနေနဲ့ မြောက်လန်ဒန်ဒါဘီပြိုင်ဘက်ကို အိမ်ကွင်းမှာ အသာစီးရရှိထားတဲ့ အစဉ်အလာကို ဆက်လက်ထိန်းသိမ်းနိုင်အောင် ကြိုးပမ်းရမှာဖြစ်ကြောင်းလည်း မီဒီယာတချို့က ဖော်ပြခဲ့ပါတယ်။

အာတေတာဟာ အိမ်ကွင်း၊ အဝေးကွင်း နှစ်မျိုးစလုံးမှာတော့ စပါးအသင်းနဲ့ စုစုပေါင်း ပွဲ ၂၀ ဆုံတွေ့ခဲ့ရာ ၁၂ ပွဲနိုင်၊ သုံးပွဲသရေ၊ ငါးပွဲရှုံးခဲ့ကြောင်း သိရပါတယ်။ 

Most Read

Most Recent