သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏမြို့ဦးစေတီအနီးတွင် မော်တော်ယာဉ်တစ်စီးနှင့် ဆိုက်တွဲတိုက်မိပြီး တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း ရှင်သန်ရေးကူညီမှုအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၀ ရက် ည ၈ နာရီ ၁၅ မိနစ်ခန့်တွင် သုဝဏ္ဏမြို့ဦးစေတီနှင့် ကမာကြည်တံတားကြားတွင် မော်တော်ယာဉ်တစ်စီးမှ ဆိုက်တွဲအားတိုက်မိမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် ဆိုက်တွဲမောင်းသူနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း၊ အလားတူ အနီးရှိ စက်ဘီးစီးလာသူ အမျိုးသားတစ်ဦးကိုလည်း ထိခိုက်မိသဖြင့် ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများနှင့် သေဆုံးသူအား စံပြဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း ရှင်သန်ရေးကူညီမှုအသင်းထံမှ သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာမှ ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
■ ဓာတ်ပုံ- -ရှင်သန်ရေးကူညီမှုအသင်း















