အာဖရိကဖလားပြိုင်ပွဲက မိမိတို့အတွက် ပြဿနာတစ်ခုဖြစ်လာလိမ့်မယ်လို့ အာမိုရင်မ် ပြောကြား

အာဖရိကဖလားပြိုင်ပွဲက မိမိတို့အတွက် ပြဿနာတစ်ခုဖြစ်လာလိမ့်မယ်လို့ အာမိုရင်မ် ပြောကြား
Photo: X
Photo: X
Published 31 October 2025

မန်ယူအသင်းရဲ့နည်းပြ ရူဘင်အာမိုရင်မ်က အာဖရိကဖလားပြိုင်ပွဲဟာ ဒီရာသီမှာ မိမိတို့အတွက် ပြဿနာတစ်ခု ဖြစ်လာလိမ့်မယ်လို့ သုံးသပ်ပြောကြားခဲ့ပါတယ်။

၂၀၂၅ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို မော်ရိုကိုနိုင်ငံမှာ ၂၀၂၅ ဒီဇင်ဘာ ၂၁ မှ ၂၀၂၆ ဇန်နဝါရီ ၁၈ အထိ ကျင်းပသွားမှာကြဖစ်ပြီး ပြိုင်ပွဲကာလအတွင်း အာဖရိကကစားသမားတွေကို စေလွှတ်ပေးရမှာဖြစ်လို့ အာမိုရင်မ်က အခုလို ညည်းတွားခဲ့တာပါ။

လက်ရှိအချိန် မန်ယူအသင်းမှာ အာဖရိကကစားသမားသုံးဦးသာ ရှိနေပေမဲ့ အသင်းအတွက် အရေးပါတဲ့ ကစားသမားတွေဖြစ်တာကြောင့် ခေါင်းခဲစရာပြဿနာတစ်ခုဖြစ်ကြောင်းလည်း ဗြိတိန်မီဒီယာတွေက သုံးသပ်ခဲ့ပါတယ်။

မန်ယူအသင်းမှာ ရှိနေတဲ့ အာဖရိကကစားသမားတွေကတော့ မော်ရိုကိုနောက်ခံလူ မာဇရာဝီ၊ အိုင်ဗရီကို့စ်တောင်ပံကစားသမား အာမက်ဒီယဲလိုနှင့် ကင်မရွန်းတိုက်စစ်ကစားသမား အမ်ဘူမိုတို့ဖြစ်ပါတယ်။

မာဇရာဝီဟာ ဒဏ်ရာပြဿနာရှိနေတာကြောင့် ဒီရာသီမှာ ပွဲအနည်းငယ်သာ ကစားခွင့်ရထားပေမဲ့ အမ်ဘူမိုနဲ့ အာမက်ဒီယဲလိုတို့ကတော့ အမာခံကစားသမားတွေအဖြစ် ခြေစွမ်းပြနေကြပါတယ်။

ဒါ့ကြောင့် အာမိုရင်မ်က အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကာလအတွင်း ဒီကစားသမားနှစ်ဦးကို ဆုံးရှုံးရမှာ စိုးရိမ်နေတာပါ။

''ကျွန်တော်တို့ ဒုက္ခတွေ့မယ့်အချိန် ရှိနေပါတယ်(ရယ်လျက်)။ ကျွန်တော်တို့ နည်းနည်းရုန်းကန်ရမှာပါ။ ဒါပေမဲ့ အဲဒါဟာ အခွင့်အရေးတစ်ရပ် ဖြစ်လာမှာကိုလည်း သိထားပါတယ်။ ဘယ်သူတွေ သူတို့ နေရာ ဝင်ကစားသင့်သလဲဆိုတာ လေ့ကျင့်ရေးမှာ ကျွန်တော် ကြည့်ထားပါတယ်။ သူတို့ အသင်းကို ကူညီဖို့ အခွင့်အရေးရလာမှာပါ'' လို့ အာမိုရင်မ်က ပြောကြားခဲ့ပါတယ်။ 

Most Read

Most Recent