ရွေးကောက်ပွဲ အပိုင်း ( ၂ )ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင် ကျင်းပမည်ဖြစ်ပြီး မြို့နယ် ၁၀၀ ပါဝင်မည်

ရွေးကောက်ပွဲ အပိုင်း ( ၂ )ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင် ကျင်းပမည်ဖြစ်ပြီး မြို့နယ် ၁၀၀ ပါဝင်မည်
Published 28 October 2025

ရွေးကောက်ပွဲ အပိုင်း ( ၂ )အား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင် ကျင်းပမည် ဖြစ်ပြီး မြို့နယ် ၁၀၀ မြို့နယ် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း( ၁ ) တွင် ပါဝင်သည့် မြို့နယ် ( ၁၀၂ ) မြို့နယ်ကို ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၀ ရက်တွင် ကြေညာချက်အမှတ် (၅၆/၂၀၂၅) ဖြင့် သတ်မှတ်ကြေညာခဲ့ပြီး ဖြစ်သည်။

ပါတီစုံဒီမိုကရေစီ  အထွေထွေရွေးကောက်ပွဲ အပိုင်း( ၂ ) အား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက် တနင်္ဂနွေနေ့တွင် ကျင်းပမည်ဖြစ်ပြီး အပိုင်း( ၂)တွင် မြို့နယ် ( ၁၀၀ ) မြို့နယ် ပါဝင်မည်ဖြစ်ကြောင်း ယနေ့(အောက်တိုဘာ ၂၈ ရက်)တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည်။

ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း ( ၂ )တွင် ပါဝင်မည့်  မြို့နယ်များသည် ကချင်ပြည်နယ်မှ မချမ်းဘော၊ မိုးကောင်းနှင့် ဝိုင်းမော် မြို့နယ်၊ ကယားပြည်နယ်မှ ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ်၊ ကရင်ပြည်နယ်မှ ဖာပွန်နှင့် လှိုင်းဘွဲ့မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ ကလေးဝ၊ မင်းကင်း၊ ဝန်းသို၊ ကျွန်းလှ၊ မြင်းမူ၊ ချောင်းဦး၊ စစ်ကိုင်း၊ ဘုတလင်၊ အရာတော်၊ ဖောင်းပြင်၊ မော်လိုက်နှင့် ရေဦးမြို့နယ်များ၊ တနင်္သါရီတိုင်းဒေသကြီးရှိ ရေဖြူ၊ ကျွန်းစုနှင့် တနင်္သါရီမြို့နယ်များ ပါဝင်သည်။

ထို့အပြင် ပဲခူးတိုင်းဒေသကြီးရှိ ဒိုက်ဦး၊ ရွှေကျင်၊ ထန်းတပင်၊ ရေတာရှည်၊ ဇီးကုန်း၊ ပေါင်းတည်၊ ကဝ၊ သနပ်ပင်၊ ပေါက်ခေါင်း၊ ပန်းတောင်း၊ မိုးညိုနှင့် မင်းလှမြို့နယ်များ၊ မကွေးတိုင်းဒေသကြီးရှိ ဂန့်ဂေါ၊ ဆိပ်ဖြူ၊ နတ်မောက်၊ မြို့သစ်၊ ငဖဲ၊ စလင်း၊ စေတုတ္တရာ၊ ကံမ၊ မင်းတုန်း၊ မင်းလှနှင့် ဆင်ပေါင်ဝဲမြို့နယ်များ၊ မန္တလေးတိုင်းဒေသကြီးရှိ စဥ့်ကိုင်၊ ကျောက်ပန်းတောင်း၊ တံတားဦး၊ ပြည်ကြီးတံခွန်၊ မဟာအောင်မြေ၊ ဝမ်းတွင်း၊ သာစည်၊  အမရပူရနှင့် မတ္တရာ မြို့နယ်များ၊ မွန်ပြည်နယ်ရှိ ဘီးလင်း၊ မုဒုံ၊ သံဖြူဇရပ်၊ ရေးနှင့် ပေါင် မြို့နယ်များ ပါဝင်သည်။

အလားတူ ရန်ကုန်တိုင်းဒေသကြီးရှိ ဗဟန်း၊ ပန်းဘဲတန်း၊ လသာ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဒေါပုံ၊ ပုဇွန်တောင်၊ လှိုင်၊ ရွှေပြည်သာ၊ ထန်းတပင်၊ လှည်းကူး၊ တောင်ဥက္ကလာပ၊ ကိုကိုးကျွန်း၊ ကြည့်မြင်တိုင်နှင့် အင်းစိန် စသည့်မြို့နယ်များ၊ ရှမ်းပြည်နယ်ရှိ ရွာငံ၊ ဆီဆိုင်၊ ကလော၊ မိုင်းခတ်၊ မိုင်းပျဉ်း၊ မိုင်းဖြတ်၊ ရပ်စောက်၊ တန့်ယန်း၊ မိုင်းရယ်၊ ကွန်ဟိန်း၊ မိုင်းတုံ၊ မိုင်းယောင်း၊ မိုင်းယန်း၊ မိုင်းပန်၊ မောက်မယ်၊ မိုင်းကိုင်နှင့် လဲချား မြို့နယ်များ၊ ဧရာဝတီတိုင်းဒေသကြီးရှိ ကျောင်းကုန်း၊ ကန်ကြီးထောင့်၊ သာပေါင်း၊ ကျိုက်လတ်၊ ဧရာဝတီ၊ ဖျာပုံ၊ ဘိုကလေး၊ ပန်းတနော်၊ ဝါးခယ်မနှင့် အိမ်မဲ စသည်မြို့နယ်များလည်း ပါတီစုံဒီမိုကရေစီ  အထွေထွေရွေးကောက်ပွဲ အပိုင်း( ၂ )တွင် ပါဝင်သည်။

Most Read

Most Recent