ဘိုင်ယန်မြူးနစ် နှင့် ကလပ်ဘရုဂေး (မြန်မာစံတော်ချိန် ကြာသပတေးနံနက် ၁း၃၀ နာရီ)
ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအလွန် ရာသီကြိုခြေစမ်းပွဲတေကတည်းက ရာနှုန်းပြည့်နိုင်ပွဲဆက်နေခဲ့တဲ့ ဘိုင်ယန်မြူးနစ်ရဲ့ ခြေစွမ်းကတော့ တားဆီးမရတော့ဘူးလို့ ဆိုရမလိုဖြစ်နေပါပြီ။ တိုက်စစ်မှူး ဟာရီကိန်းကလည်း ကြောက်စရာဂိုးသွင်းစွမ်းရည်ကို ပြသနေပါတယ်။ ကလပ်ဘရုဂေးကလည်း ခြေစွမ်းကောင်းတဲ့အသင်းဖြစ်ပေမဲ့ လက်ရှိအနေအထားမှာတော့ ဂျာမန်မြေမှာ ဂိုးအများကြီးမပေးရဖို့ပဲ ကြိုးစားရမှာပါ။ ဒါပေမဲ့ ဘိုင်ယန်မြူးနစ်အသင်း အနည်းဆုံး(၃)ဂိုးသွင်းပါလိမ့်မယ်။
ချယ်လ်ဆီး နှင့် အေဂျက်စ် (မြန်မာစံတော်ချိန် ကြာသပတေးနံနက် ၁း၃၀ နာရီ)
အေဂျက်စ်က ချန်ပီယံလိဂ်အဖွင့်နှစ်ပွဲစလုံးရှုံးပြီး အမှတ်ပေးဇယားအောက်ဆုံးရောက်နေပါတယ်။ ဒတ်ချ်လိဂ်မှာလည်း ရလဒ်တွေ မကောင်းပါဘူး။ ချယ်လ်ဆီးက ပြိုင်ပွဲစုံနောက်ဆုံး(၃)ပွဲဆက် အနိုင်ရထားပြီး ခြေစွမ်းတက်နေချိန်လို့ ဆိုနိုင်ပါတယ်။ ချယ်လ်ဆီး အနိုင်သေချာပါတယ်။
ဖရန့်ဖတ် နှင့် လီဗာပူးလ် (မြန်မာစံတော်ချိန် ကြာသပတေးနံနက် ၁း၃၀ နာရီ)
ဒီအချိန်မှာတော့ လီဗာပူးလ်အသင်း ရှုံးပွဲဆက်မှုကို အဆုံးသတ်နိုင်မလားဆိုတာက အဓိကစောင့်ကြည့်ရမယ့် အကြောင်းအရာ ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ပွဲစဉ်မှာ ဂါလာတာစာရေးကို အဝေးကွင်းမှာ အရှုံးပေးခဲ့ရတာကြောင့်လည်း အခုပွဲမှာ သတိထားဖို့ လိုနေပါတယ်။ ဒါပေမဲ့ ဖရန့်ဖတ်ကလည်း အိမ်ကွင်းမှာတောင် ရှုံးပွဲဆက်နေတဲ့အသင်းဖြစ်ပြီး ခံစစ်ပိုင်းက ပေးဂိုးများနေတာကြောင့် လီဗာပူးလ်အတွက် အခွင့်အရေးဖြစ်လာနိုင်ပါတယ်။ နိုင်ပွဲလိုနေပြီဖြစ်တဲ့ လီဗာပူးလ်နဲ့ပဲ စွန့်စားချင်ပါတယ်။
မိုနာကို နှင့် စပါး (မြန်မာစံတော်ချိန် ကြာသပတေးနံနက် ၁း၃၀ နာရီ)
မန်စီးတီးကို သရေကစားခဲ့တဲ့ မိုနာကို စပါးကိုရော ထပ်ပြီးဒုက္ခပေးနိုင်ဦးမလား။ မိုနာကိုက နောက်ဆုံးသုံးပွဲဆက် သရေကျထားသလို၊ စပါးရဲ့ ခြေစွမ်းကလည်း တည်ငြိမ်မှုမရှိသေးပါဘူး။ ဒါပေမဲ့ ဒီရာသီမှာ အဝေးကွင်းရုန်းအားကတော့ ကောင်းမွန်နေပါတယ်။ သရေကျဖို့များတဲ့ပွဲပါ။
ရီးယဲလ်မက်ဒရစ် နှင့် ဂျူဗင်တပ်စ် (မြန်မာစံတော်ချိန် ကြာသပတေးနံနက် ၁း၃၀ နာရီ)
စပိန်ထိပ်သီးနဲ့ အီတလီထိပ်သီးတို့ အားပြိုင်ကြမယ့်ပွဲဖြစ်ပြီး လတ်တလောအနေအထားမှာတော့ ဂျူဗင်တပ်စ်က စီးရီးအေမှာတောင် အိမ်နိမ့်စံလိုဖြစ်နေပါပြီ။ ပြိုင်ပွဲစုံနောက်ဆုံး(၆)ပွဲဆက်တိုက် နိုင်ပွဲပျောက်ထားတဲ့ အခြေအနေကလည်း အသင်းရဲ့ ယိမ်းယိုင်မှုကို အထင်အရှားဖော်ပြနေပါတယ်။ ရီးယဲလ်ကတော့ နိုင်ပွဲဆက်နေတဲ့အပြင် တိုက်စစ်မှူး ဘာပေကလည်း ဂိုးမြူးနေပါတယ်။ ရီးယဲလ်အသင်း ဂိုးပြတ်အနိုင်ရသွားရင် အံ့သြစရာ မရှိပါဘူး။
အခြားပွဲများ
*ဘီလ်ဘာအို - ကာရာဘတ်
*ဂါလာတာစာရေး - ဘိုဒယ်ဂလင့်
*အတ္တလန်တာ - ဆလားဗီးယားပရပ်ဂ်
စပို့တင်းလစ္စဘွန်း - မာဆေးလ်*















