ဗီလာရီးယဲလ် - ဘာစီလိုနာပွဲ မိုင်ယာမီမှာ ကစားမယ့်အစီအစဉ်ကို ဖျက်သိမ်း

ဗီလာရီးယဲလ် - ဘာစီလိုနာပွဲ မိုင်ယာမီမှာ ကစားမယ့်အစီအစဉ်ကို ဖျက်သိမ်း
Photo: X
Photo: X
Published 22 October 2025

လာမယ့် ဒီဇင်ဘာလမှာ ယှဉ်ပြိုင်ရမယ့် ဗီလာရီးယဲလ် - ဘာစီလိုနာ လာလီဂါပွဲကို အမေရိကန်နိုင်ငံ၊ မိုင်ယာမီမြို့မှာ သွားရောက်ကစားမယ့်အစီအစဉ်ကို လာလီဂါအဖွဲ့ချုပ်က ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

လာလီဂါက ပြိုင်ပွဲကို စျေးကွက်တိုးချဲ့ဖို့ ရည်ရွယ်ပြီး ပြည်ပထွက်ကစားဖို့ စီစဉ်ခဲ့တာဖြစ်ပေမဲ့ ဆန့်ကျင်ကန့်ကွက်မှုများစွာနဲ့ ရင်ဆိုင်ခဲ့ရသလို၊ ပြီးခဲ့တဲ့ လာလီဂါပွဲစဉ်မှာလည်း ကစားသမားတွေက ပွဲအစ(၁၅)စက္ကန့်အတွင်း လှုပ်ရှားမှုမပြုလုပ်ခြင်းနဲ့ ဆန္ဒပြခဲ့ကြပါတယ်။

ဒါကြောင့် မိုင်ယာမီမှာ ယှဉ်ပြိုင်မယ့်ပွဲကို လာလီဂါနဲ့အတူ မိတ်ဖက်ဆောင်ရွက်မယ့် Relevent ကုမ္ပဏီက ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

လာလီဂါက စပိန်ဘောလုံးလောကအတွက် နိုင်ငံတကာမှာ ပြိုင်ဘက်ကင်းပြီး သမိုင်းဝင်စေမယ့် အခွင့်အလမ်းတစ်ခုကို လက်လွှတ်ခဲ့ရတဲ့အတွက် စိတ်မကောင်းကြောင်း ကြေညာချက်မှာ ဖော်ပြခဲ့ပြီး Relevent ကလည်း မိုင်ယာမီပွဲကို ဖျက်သိမ်းဖို့လိုအပ်တယ်လို့ လာလီဂါက အကြောင်းကြားတာကြောင့် ဖျက်သိမ်းခဲ့ရခြင်းဖြစ်ကြောင်း ကြေညာချက်မှာဖော်ပြခဲ့ပါတယ်။

ဒါကြောင့် လာလီဂါပွဲစဉ်(၁၇)အဖြစ် ယှဉ်ပြိုင်ရမယ့် ဗီလာရီးယဲလ် - ဘာစီလိုနာပွဲကို ဗီလာရီးယဲလ်အသင်းရဲ့အိမ်ကွင်းမှာသာ ယှဉ်ပြိုင်ကစားသွားရတော့မှာဖြစ်ပါတယ်။

Most Read

Most Recent