ဆွီဒင်လက်ရွေးစင်အသင်းနည်းပြအဖြစ် ဂရေဟမ်ပေါ်တာ ခန့်အပ်ခံရ

ဆွီဒင်လက်ရွေးစင်အသင်းနည်းပြအဖြစ် ဂရေဟမ်ပေါ်တာ ခန့်အပ်ခံရ
Photo: X
Photo: X
Published 20 October 2025

ပြီးခဲ့တဲ့ စက်တင်ဘာလက ဝက်စ်ဟမ်းအသင်းရဲ့ နည်းပြရာထူးက ထုတ်ပယ်ခံခဲ့ရတဲ့ အင်္ဂလိပ်လူမျိုးနည်းပြ ဂရေဟမ်ပေါ်တာဟာ ဆွီဒင်လက်ရွေးစင်အသင်းရဲ့ နည်းပြအဖြစ် ခန့်အပ်ခံလိုက်ရပြီဖြစ်ကြောင်း သိရပါတယ်။

ဆွီဒင်လက်ရွေးစင်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ရှုံးပွဲတွေဆက်ပြီး ရလဒ်တွေဆိုးခဲ့တာကြောင့် ဆွီဒင်ဘောလုံးအဖွဲ့ချုပ်က နည်းပြ တိုမာဆန်ကို ရာထူးက ထုတ်ပယ်ပြီး ဂရေဟမ်ပေါ်တာကို အစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ဆွီဒင်အသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အုပ်စုအောက်ဆုံးရောက်နေပြီး တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ဖို့ မျှော်လင့်ချက်မရှိတော့ဘဲ Play-offs ယှဉ်ပြိုင်ခွင့်ရဖို့သာ ကြိုးစားရတော့မှာပါ။

ဒါပေမဲ့ Nations League ရလဒ်အရလည်း Play-offs ယှဉ်ပြိုင်ခွင့်ရဖို့ အခွင့်အရေးရှိနေတာကြောင့် ဆွီဒင်ဘောလုံးအဖွဲ့ချုပ်က ဂရေဟမ်ပေါ်တာကို လောလောဆယ်မှာ ကမ္ဘာ့ဖလားခြေစစ်ပွဲကာလအထိသာ ကာလတိုနဲ့ ခန့်အပ်ထားပြီး ခြေစစ်ပွဲအောင်မြင်မှသာ ကာလရှည်စာချုပ် ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။

နည်းပြဘဝကို ဆွီဒင်နိုင်ငံမှာ ဖြတ်သန်းခဲ့ဖူးတဲ့ ဂရေဟမ်ပေါ်တာကတော့ ဆွီဒင်အသင်းမှာ ထိပ်တန်းအဆင့် ကစားသမားတွေရှိနေတာကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဆီ ချီတက်နိုင်မယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

Most Read

Most Recent