ONE Friday Fights 129 ပြိုင်ပွဲမှာ ခေါင်တွဲဆိုင်းအဖြစ် ထိုးသတ်ခဲ့ရတဲ့ မြန်မာဖိုက်တာ ထွန်းမင်းအောင်ဟာ ပြိုင်ဘက် ထိုင်းဖိုက်တာကို အမှတ်နဲ့ အရေးနိမ့်ခဲ့ပါတယ်။
ထွန်းမင်းအောင်ဟာ ထိိုင်းဖိုက်တာ တန်နွန်နဲ့ ထိုးသတ်ခဲ့ရတာဖြစ်ပြီး ဒိုင်သုံးဦးစလုံးရဲ့ အဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
ပထမအချီမှာပဲ တန်နွန်ရဲ့ တံတောင်ရိုက်ချက်ကြောင့် ထွန်းမင်းအောင် နဖူးကွဲသွားခဲ့ပြီး ဒုတိယအချီမှာလည်း ထိချက်အရ အရေးနိမ့်ခဲ့ပါတယ်။
နောက်ဆုံးအချီမှာ တန်နွန်ရဲ့ သက်လုံကျလာမှုကို အခွင့်အရေးယူနိုင်ဖို့ ကြိုးစားပေမဲ့ မအောင်မြင်ခဲ့ဘဲ အမှတ်နဲ့ ဆုံးဖြတ်ရာမှာ ဒိုင်သုံးဦးစလုံးက ထိုင်းဖိုက်တာကို အနိုင်ပေးခဲ့တာ ဖြစ်ပါတယ်။
Photos: ONE















