အင်္ဂလန်အသင်းခေါင်းဆောင် တိုက်စစ်မှူး ဟာရီကိန်းက လက်ရှိအချိန်မှာ အကောင်းဆုံးပုံစံ ရရှိနေတယ်လို့ ခံစားရကြောင်း ပြောကြားခဲ့ပါတယ်။
ဟာရီကိန်းဟာ ဒီရာသီမှာ ကလပ်နဲ့ လက်ရွေးစင်အသင်းအတွက် (၁၃)ပွဲ ယှဉ်ပြိုင်ကစားရာမှာ (၂၁)ဂိုးအထိ သွင်းယူကာ ခြေစွမ်းပြနေတာကြောင့် အခုလို ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။
လတ်ဗီးယားကို (၅-၀)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ (၂)ဂိုးသွင်းယူခဲ့ပြီးနောက် ဟာရီကိန်းက ''ကွင်းထဲမှာ အကောင်းဆုံးပုံစံရနေတယ်လို့ ခံစားရပါတယ်။ ကြံ့ခိုင်မှုကလည်း ကောင်းမွန်နေတာကြောင့် ကောင်းမွန်တဲ့ အခိုက်အတန့်ပါပဲ'' လို့ ပြောကြားခဲ့ပါတယ်။
ဟာရီကိန်းဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ ယှဉ်ပြိုင်ကစားနေစဉ်ကာလအတွင်း အင်္ဂလန်အသင်းအတွက် သွင်းယူနိုင်တဲ့ဂိုး (၁၈)ဂိုးရှိသွားပြီဖြစ်တာကြောင့် ဂယ်ရီလိုင်နီကာရဲ့ စံချိန်ကိုလည်း ချိုးဖျက်နိုင်ခဲ့ပါတယ်။
ဂယ်ရီလိုင်နီကာက ၁၉၈၆ ကနေ ၁၉၈၉ ခုနှစ်အတွင်း ဘာစီလိုနာမှာ သွားရောက်ကစားစဉ် အင်္ဂလန်အသင်းအတွက် (၁၇)ဂိုးသွင်းယူပြီး အင်္ဂလန်ပြင်ပကလပ်မှာကစားရင်း အင်္ဂလန်အသင်းအတွက် ဂိုးအများဆုံးသွင်းယူနိုင်သူအဖြစ် စံချိန်တင်ထားခဲ့တာပါ။
အကောင်းဆုံးပုံစံ ရရှိနေတယ်လို့ ခံစားရကြောင်း ဟာရီကိန်း ပြောကြား
Most Read
Most Recent
1 hour ago















