U9 ၏ နည်းပညာပိုင်းဆိုင်ရာ ကွန်ရက်ပြတ်တောက်နေပြီး ဝန်ဆောင်မှုအသုံးပြုမရဖြစ်နေ

U9 ၏ နည်းပညာပိုင်းဆိုင်ရာ ကွန်ရက်ပြတ်တောက်နေပြီး ဝန်ဆောင်မှုအသုံးပြုမရဖြစ်နေ
Published 12 October 2025

ဆက်သွယ်ရေးအော်ပရေတာ U9 ၏ နည်းပညာပိုင်းဆိုင်ရာ ကွန်ရက်ပြတ်တောက်နေပြီး ဝန်ဆောင်မှုအသုံးပြုမရဖြစ်နေကြောင်း သိရသည်။

ယနေ့(အောက်တိုဘာ ၁၂ ရက်)နံနက်ပိုင်းတွင် မမျှော်လင့်ဘဲ နည်းပညာပိုင်းဆိုင်ရာ အခက်အခဲတစ်ရပ်ကြောင့် U9 သုံးစွဲသူများ၏ ဝန်ဆောင်မှုများကို ထိခိုက်စေသည့် ကွန်ရက်ပြတ်တောက်မှုတစ်ခု ဖြစ်ပွားလျက်ရှိကြောင်း U9 က ထုတ်ပြန်သည်။

U9 ၏ နည်းပညာအဖွဲ့များသည် အဓိကပြဿနာ၏ ရင်းမြစ်ကို ဖော်ထုတ်ရန်နှင့် ဝန်ဆောင်မှုများကို အမြန်ဆုံး ပြန်လည်ရရှိစေရန်အတွက် အရေးပေါ်အခြေအနေအဖြစ် အမြင့်ဆုံးဦးစားပေးဖြင့် အပြင်းအထန် ကြိုးပမ်းဆောင်ရွက်နေသည်ဟုလည်း ‌ထုတ်ပြန်ချက်မှာ ပါရှိသည်။

ထို့ပြင် ယခုလို အဆင်မပြေမှုများအတွက် စိတ်ရင်းမှန်ဖြင့် အနူးအညွတ် တောင်းပန်ကြောင်းလည်း U9 က ထုတ်ပြန်ထားသည်။

Most Read

Most Recent