■ မွေ့ယာပေါ်တွင် ဖုန်းအားသွင်းရန်အတွက် ယာယီမီးပလပ်ခုံ သွယ်တန်းထားရာမှ ပလပ်ခုံ အပူလွန်ကဲပြီး မွေ့ ယာမှတဆင့် မီးလောင်ကျွမ်း

■ မွေ့ယာပေါ်တွင် ဖုန်းအားသွင်းရန်အတွက် ယာယီမီးပလပ်ခုံ သွယ်တန်းထားရာမှ ပလပ်ခုံ အပူလွန်ကဲပြီး မွေ့ ယာမှတဆင့် မီးလောင်ကျွမ်း
Published 10 October 2025

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၅၉ လမ်း၊ ၃၉D လမ်းနှင့် ၃၉E လမ်းကြားရှိ ၃၅ ပေ ×၂၀ ပေ ၊ သွပ်မိုး၊ ထရံကာ၊ တစ်ထပ် အဆောက်အဦ လူနေအိပ်ခန်းအတွင်း မွေ့ယာပေါ်တွင် ဖုန်းအားသွင်းရန်အတွက် ယာယီမီးပလပ်ခုံ သွယ်တန်းထားရာမှ ပလပ်ခုံ အပူလွန်ကဲပြီး အောက်ခြေရှိ မွေ့ ယာမှတဆင့် မီးလောင်ကျွမ်းမှု အောက်တိုဘာ ၁၀ ရက် နံနက် ၇ နာရီ ၃၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဌာနမှ သတင်းရရှိသည်။

အဆိုပါ မီးလောင်မှုကြောင့် ၃၅ ပေ ×၂၀ ပေ၊ သွပ်မိုး၊ ထရံကာ၊ တစ်ထပ် အဆောက်အဦ၊အတွင်းပစ္စည်းများ၊ ဆိုင်ကယ် နှစ်စီး မီးလောင်ဆုံးရှုံးခဲ့ကြောင်း ဆက်လက် သတင်းရရှိသည်။

မီးလောင်ရာသို့ မီးလောင်မှုအား Level -1 ယာဉ်အုပ်စုဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၃၀ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၇၀ ဦးတို့ဖြင့် မီးငြိမ်းသတ်ယာဉ် ၁၀ စီး၊ မီးသတ်ရေသယ်ယာဉ် ၅ စီး၊ အုပ်ချုပ်မှုယာဉ် ၃ စီးတို့ဖြင့် ငြှိမ်းသတ်ခဲ့ရာ နံနက် ၇ နာရီ  ၄၂ မိနစ် အချိန်ခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၇ နာရီ ၄၆ မိနစ် အချိန်ခန့်တွင် မီးလုံးဝငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုနှင့်ပတ်သက်ပြီး အမှတ်(၉)မြို့မရဲစခန်းမှ အလုပ်သမားဖြစ်သူ အသက် ၂၂ နှစ်အရွယ် အမျိုးသားအား အမှုဖွင့်အရေးယူထားကြောင်း သိရှိရပါသည်။

■ သက်ထွန်းအောင်

■ ဓာတ်ပုံ-ကိုသန်းဌေး

Most Read

Most Recent