ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးစျေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာသန်း ၃၀ ထပ်မံရောင်းချမည်ဖြစ်ကြောင်း အောက်တိုဘာ ၈ ရက်က ထုတ်ပြန်သည်။
အောက်တိုဘာ ၂ ရက်လည်း ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးစျေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၂၅ သန်းရောင်းချမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
စက်တင်ဘာ ၃ ရက်ကလည်း ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးစျေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာသန်း ၃၀ ရောင်းချမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်များအတွက် သြဂုတ် ၅ ရက်က ဒေါ်လာသန်း ၃၀၊ သြဂုတ် ၁၃ ရက်က ဒေါ်လာ ၃၂ သန်း၊ သြဂုတ် ၂၀ ရက်တွင် ၃၂ သန်း၊ သြဂုတ် ၂၆ ရက်တွင် ဒေါ်လာ ၃၂ သန်းဖြင့် သြဂုတ်လအတွင်း ဒေါ်လာ ၁၂၆ သန်း ထုတ်ရောင်းခဲ့သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဇူလိုင် ၁ ရက်တွင် ဒေါ်လာ ၃၃ သန်း၊ ဇူလိုင် ၈ ရက်တွင် ဒေါ်လာသန်း ၃၀၊ ဇူလိုင် ၁၅ ရက်တွင် ဒေါ်လာ ၃၃ သန်း၊ ဇူလိုင် ၂၂ ရက်တွင် ဒေါ်လာ ၂၇ သန်း၊ ဇူလိုင် ၂၈ ရက်တွင် ဒေါ်လာသန်း ၃၀ ဖြင့် ဇူလိုင်လအတွင်း ဒေါ်လာ ၁၅၃ သန်း ထုတ်ရောင်းခဲ့သည်။















