ဘာစီလိုနာအသင်း စောင့်ကြည့်နေတဲ့ ယူ-၂၀ ကစားသမားတွေထဲမှာ ဇီဒန်းရဲ့သား အယ်လ်ယက်ဇ်ဇီဒန်း ပါဝင်

ဘာစီလိုနာအသင်း စောင့်ကြည့်နေတဲ့ ယူ-၂၀ ကစားသမားတွေထဲမှာ ဇီဒန်းရဲ့သား အယ်လ်ယက်ဇ်ဇီဒန်း ပါဝင်
Photo: X
Photo: X
Published 8 October 2025

ဘာစီလိုနာအသင်းဟာ ချီလီနိုင်ငံမှာ ကျင်းပနေတဲ့ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကင်းထောက်တွေစေလွှတ်ပြီး ကစားသမားတချို့ကို စောင့်ကြည့်ခိုင်းထားရာမှာ ဇီဒန်းရဲ့သား အယ်လ်ယက်ဇ်ဇီဒန်းလည်း ပါဝင်နေကြောင်း သိရပါတယ်။

နောက်ခံလူ အယ်လ်ယက်ဇ်ဇီဒန်း(၁၉ နှစ်)ဟာ ဇီဒန်းရဲ့ သား(၄)ယောက်ထဲမှာ အငယ်ဆုံးဖြစ်ပြီး ပြင်သစ်ယူ-၂၀ အသင်းနဲ့အတူ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေတာပါ။

အယ်လ်ယက်ဇ်ဟာ ရီးယဲလ်အကယ်ဒမီမှာ (၁၁)နှစ်ကြာဖြတ်သန်းခဲ့ပေမဲ့ ၂၀၂၄ ဇန်နဝါရီမှာ ဘက်တစ်အသင်းကို ပြောင်းရွှေ့ခဲ့ပြီး လက်ရှိအချိန်မှာတော့ ဘက်တစ်အရန်အသင်းမှာ ကစားနေပါတယ်။

ဘာစီလိုနာအသင်းက လာမာစီယာအကယ်ဒမီအတွက် သွေးသစ်ကစားသမားရှာဖွေဖို့ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကင်းထောက်တွေ စေလွှတ်ထားတာဖြစ်ပြီး ဘရာဇီးလ်ကစားသမားတွေဖြစ်တဲ့ ပတ်ဒရင်ညိုနဲ့ ဒီဗစ်ဝါရှင်တန်၊ အာဂျင်တီးနားကစားသမား ပရက်စတီယန်နီ၊ ဂျပန်ကစားသမား အိုဇီကီတို့ကိုလည်း စောင့်ကြည့်နေကြောင်း သိရပါတယ်။

၂၀၂၅ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲက အောက်တိုဘာ(၁၉)မှ ပြီးဆုံးမှာဖြစ်ပါတယ်။

Most Read

Most Recent