ကျောက်မဲမြိုတွင် အစိုးရ၏ အုပ်ချုပ်ရေးယန္တရားများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဌာနဆိုင်ရာအဖွဲအစည်းများ ကူညီထောက်ပံ့ရေးပစ္စည်းများနှင့်အတူ ရောက်ရှိပြီး နေရပ်စွန့်ခွာခဲ့ရသည့် ဒေသခံများလည်း မြိုတွင်းသို ပြန်လည်ဝင်ရောက်လျက်ရှိ

ကျောက်မဲမြိုတွင် အစိုးရ၏ အုပ်ချုပ်ရေးယန္တရားများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဌာနဆိုင်ရာအဖွဲအစည်းများ ကူညီထောက်ပံ့ရေးပစ္စည်းများနှင့်အတူ ရောက်ရှိပြီး နေရပ်စွန့်ခွာခဲ့ရသည့် ဒေသခံများလည်း မြိုတွင်းသို ပြန်လည်ဝင်ရောက်လျက်ရှိ
Published 2 October 2025

ပလောင်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ TNLA ယာယီစိုးမိုးထားသည့် ကျောက်မဲမြို့အား တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် နေရပ်စွန့်ခွာခဲ့ရသည့် ဒေသခံများ  ပြန်လည်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

တပ်မတော်အနေဖြင့် ပြည်သူလူထုအေးချမ်းစွာနေထိုင်နိုင်ရေးနှင့် လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် သောင်းကျန်းသူများ ခေတ္တထိန်းချုပ်ထားသည့် မြို့နယ်၊ ကျေးရွာ၊ ဒေသအချို့တို့၌ အကြမ်းဖက်ချေမှုန်းမှု စစ်ဆင်ရေး (Counter-Terrorism Operation)များကို ဆောင်ရွက်လျက်ရှိရာ သောင်းကျန်းသူများ ခေတ္တထိန်းချုပ်ထားခဲ့သည့် ကျောက်မဲမြို့အား အောက်တိုဘာ ၁ ရက်တွင် တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ဒေသခံတိုင်းရင်းသားပြည်သူများကလည်း တပ်မတော်စစ်ကြောင်းများအား ကြိုဆိုခဲ့ကြကြောင်း သိရသည်။

ကျောက်မဲမြို့နယ်တစ်ဝိုက်အား သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားစဉ် ဒေသခံတိုင်းရင်းသား ပြည်သူများအနေဖြင့် အိုးအိမ်တိုက်တာစည်းစိမ်များကို စွန့်ခွာတိမ်းရှောင်နေကြရပြီး ၎င်းတို့၏ လူ့အခွင့်အရေးဆုံးရှုံးမှုများ၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် အဖက်ဖက်မှ နိမ့်ကျမှုများ၊ တိုက်ပွဲ၏ အနိဋ္ဌာရုံများကို ရင်ဆိုင်ကြုံတွေ့ခဲ့ရမှုများကြောင့် တပ်မတော်က ကျောက်မဲဒေသ တစ်ဝိုက်အား အပြီးတိုင်ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည့်အတွက် ယခုကဲ့သို့  ကြိုဆိုလက်ခံကြပြီး ယာယီနေရပ်စွန့်ခွာနေရပ်ထိုင်ခဲ့ရသည့် ဒေသခံတိုင်းရင်းသား ပြည်သူအချို့မှာလည်း ၎င်းတို့၏နေရပ်ဒေသများသို့ ပြန်လည်ဝင်ရောက်လျက်ရှိကြကြောင်း သိရသည်။

တပ်မတော်စစ်ကြောင်းများအနေဖြင့် ကျောက်မဲမြို့နယ်နှင့် ပတ်ဝန်းကျင်တစ်ဝိုက်ရှိ ယာယီနေရပ်စွန့်ခွာ ဒေသခံတိုင်းရင်းသားပြည်သူများ အေးချမ်းစွာ လူမှုစီးပွားဘဝအတွက် ရှာဖွေလုပ်ကိုင်စားသောက်နိုင်ရေးနှင့် အစိုးရအုပ်ချုပ်မှုယန္တရား ပြန်လည်လည်ပတ်နိုင်ရေး၊ ၎င်းတို့၏မြို့/ရွာများရှိ နေအိမ်များတွင် ပြန်လည် နေထိုင်နိုင်ရေးအတွက် သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားစဉ် မီးရှို့ဖျက်ဆီးခဲ့သည့် ရုံး/ဌာန အဆောက်အအုံများ၊ လူနေအဆောက်အအုံများ၊ ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အဆောက်အအုံများအား ပြန်လည်ပြုပြင်နိုင်ရေးနှင့် အကြမ်းဖက်သမားများ လုပ်ဆောင်ခဲ့သည့် မြေမြုပ်မိုင်းအန္တရာယ်မှ ကင်းရှင်းစေရန် မြို့/ရွာများ အတွင်း မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် ဒေသခံပြည်သူလူထုအား လိုအပ်သည့်ကူညီထောက်ပံ့မှုများ ဆောင်ရွက် ပေးသွားရန်နှင့် အစိုးရ၏အုပ်ချုပ်မှုယန္တရားများဖြစ်သည့် ရုံးများ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ပေးနိုင်ရေးနှင့် ပြည်သူလူထု၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများအတွက် ဆေးရုံများပြန်လည်ဖွင့်လှစ်နိုင်ရေးတို့အတွက် ဌာနဆိုင်ရာအဖွဲ့အစည်းများသည် လိုအပ်သည့် ကူညီထောက်ပံ့ရေးပစ္စည်းများ၊ စားသောက်ဖွယ်ရာများနှင့်အတူ မော်တော်ယာဉ်များဖြင့် ယနေ့(အောက်တိုဘာ ၂ ရက်)တွင် ကျောက်မဲမြို့သို့ ရောက်ရှိလာကြရာ ဒေသခံတိုင်းရင်းသားပြည်သူများက ကြိုဆိုခဲ့ကြကြောင်း သိရသည်။

ထို့အပြင် ကျောက်မဲမြို့တွင် သောင်းကျန်းသူများ ဖျက်ဆီးခဲ့သည့် စာသင်ကျောင်းများ၊ ဆေးရုံ/ဆေးခန်းများ၊ ရုံး/ဌာန အဆောက်အအုံများ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံများနှင့် လူနေအိမ်များအား ပြန်လည် ပြုပြင်ခြင်း လုပ်ငန်းများကို တပ်မတော်နှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ အမြန်ဆုံး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် တပ်မတော်စစ်ကြောင်းများကလည်း ပြည်သူများ အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များကို ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent