ရှမ်းပြည်နယ်မြောက်ပိုင်း "ဝ" အဖွဲ့  ထိန်းချုပ်နယ်မြေထဲက နမ့်တစ် - ညီနောင်တံတား ကျိုးကျ

ရှမ်းပြည်နယ်မြောက်ပိုင်း "ဝ" အဖွဲ့  ထိန်းချုပ်နယ်မြေထဲက နမ့်တစ် - ညီနောင်တံတား ကျိုးကျ
■ဓာတ်ပုံ-''ဝ'' လူငယ့်အသံ
■ဓာတ်ပုံ-''ဝ'' လူငယ့်အသံ
Published 24 August 2025

ရှမ်းပြည်နယ်မြောက်ပိုင်း "ဝ" ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်နယ်မြေ ဟိုပန်ခရိုင်၊ နမ့်တစ်မြို့ရှိ နမ့်တစ် -ညီနောင်တံတားသည် ယနေ့ (သြဂုတ် ၂၄ ရက်)တွင် ကျိုးကျပျက်စီးခဲ့ကြောင်း ''ဝ'' လူငယ့်အသံသတင်းဌာနတွင် ဖော်ပြထားသည်

ယနေ့ (သြဂုတ် ၂၄ ရက်) နံနက် ၂ နာရီဝန်းကျင်ခန့်က ကျိုးကျပျက်စီးခဲ့ခြင်းလည်း ဖြစ်သည်။

အဆိုပါအခြေအနေနှင့်ပတ်သက်၍ ဟိုပန်မြို့သတင်းနဲ့ပြန်ကြားရေးဌာန တာဝန်ခံက "တံတားကျိုးသွားတာ ဟုတ်ပါတယ်။ အကြောင်းရင်း အတိအကျတော့ မသိရသေးဘူး။ ဒါနဲ့ပတ်သက်ပြီး ထူးထူးထွေထွေ ဖော်ပြထားတာ မရှိသေးပါဘူး။ တံတားက ဆွေးဟောင်းနေပါပြီ။ ကုန်ကားတွေ ဖြတ်သွားဖြတ်လာများတော့ ကျိုးကျတာလို့ပဲ ယူဆရပါတယ်"ဟု ''ဝ'' လူငယ့်အသံသတင်းဌာနကို ပြောကြားထားသည်။

အဆိုပါ နမ့်တစ်ညီနောင်တံတားသည် ကိုးကန့်အဖွဲ့ (MNDAA) က ထိန်းချုပ်ထားသည့် တရုတ် - မြန်မာနယ်စပ် ချင်းရွှေဟော်မြို့ကို အဓိက ဆက်သွယ်ထားသော တံတားတစ်ခုလည်း ဖြစ်ကြောင်း သိရသည်။

ယင်းတံတားသည် ၁၀၂၇ စစ်ဆင်ရေးတွင် "ဝ" အဖွဲ့က PDF များနှင့် တိုင်းရင်းသား လက်နက်ကိုင်များကို ယင်းဒေသထဲသို့ နယ်မြေဖြတ်သန်းခွင့်နှင့်အတူ သွားလာရေးတွင် အဆင်ပြေချောမွေ့စေရန် အသုံးပြုခွင့် ပေးခဲ့သည့် တံတားတစ်ခုလည်းဖြစ်ကြောင်း ဝ'' လူငယ့်အသံသတင်းဌာနက ဖော်ပြထားသည်။

ထိာ့အတူ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းတွင် ကွမ်းလုံ၊ နမ့်ဟူး၊ ချင်းရွှေဟော်၊ လောက်ကိုင်က ပိတ်မိနေသည့် သိန်းနှင့်ချီသည့် စစ်ဘေးရှောင်များအနေဖြင့်  အဆိုပါတံတားကို အဓိက အသုံးပြုပြီး  "ဝ" ဒေသ နမ့်တစ်မြို့မှတစ်ဆင့် နယ်မြေခိုလုံခွင့်များ ရရှိခဲ့ကြောင်း လူငယ့်အသံသတင်းဌာနက ဖော်ပြထားသည်။

 

Most Read

Most Recent