စပါးအသင်းနဲ့ လမ်းခွဲတော့မယ်လို့ အတည်ပြုကြေညာထားတဲ့ ကိုရီးယားကစားသမား ဆွန်ဟောင်မင်ဟာ မေဂျာလိဂ်ကို ရောက်ရှိနိုင်ခြေအရှိဆုံးလို့ အလေးပေးခံထားရကြောင်း သိရပါတယ်။
ဆွန်ဟောင်မင်(၃၃ နှစ်)ဟာ စပါးအသင်းကို ၂၀၁၅ ခုနှစ်ကတည်းက ရောက်ရှိခဲ့သူဖြစ်ပြီး ဆုဖလားအောင်မြင်မှုအနေနဲ့ကတော့ ယူရိုပါလိဂ်ဖလားတစ်လုံးသာ ရရှိခဲ့ပါတယ်။
ဆွန်ဟောင်မင်ဟာ စပါးအသင်းနဲ့ ၂၀၂၆ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပေမဲ့ ဒီနွေမှာပဲ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ဒါဟာ သူ့ရဲ့ကစားသမားဘဝတစ်လျှောက် အခက်ခဲဆုံး ဆုံးဖြတ်ချက်ဖြစ်တယ်လို့လည်း ဝန်ခံခဲ့ပါတယ်။
ဆွန်ဟောင်မင်ဟာ မေဂျာလိဂ်ကလပ် LAFC အသင်းကို ပြောင်းရွှေ့ဖို့ ဆွေးနွေးနေကြောင်း အစောပိုင်းကတည်းက သတင်းထွက်ခဲ့တာကြောင့်လည်း မေဂျာလိဂ်ကို ရောက်ရှိနိုင်ခြေအရှိဆုံးလို့ အလေးပေးခံနေရတာပါ။
အလေးပေးမှုနှုန်းထားတွေကတော့ မေဂျာလိဂ်ကို ရောက်ဖို့ (၁း၃)လေး၊ ဆော်ဒီလိဂ်ကိုရောက်ဖို့ (၉း၄)လေး၊ တူရကီလိဂ်ကိုရောက်ဖို့ (၄း၁)လေး၊ မန်ယူအသင်းကိုရောက်ဖို့ (၁၆း၁)လေး၊ ဂျပန်ကလပ်တွေဆီ ရောက်ဖို့ (၁၆း၁)လေးဖြစ်ကြောင်း သိရပါတယ်။















