အက်ဇီကို အာဆင်နယ်အသင်း တရားဝင်ကမ်းလှမ်းမှု စတင်ပြုလုပ်မယ်

အက်ဇီကို အာဆင်နယ်အသင်း တရားဝင်ကမ်းလှမ်းမှု စတင်ပြုလုပ်မယ်
Photo: Goal
Photo: Goal
Published 3 August 2025

အာဆင်နယ်အသင်းဟာ ခရစ္စတယ်ပဲလေ့စ်အသင်းက အင်္ဂလန်ကွင်းလယ်တိုက်စစ်ကစားသမား အက်ဇီကို တရားဝင်ကမ်းလှမ်းမှု စတင်ပြုလုပ်တော့မယ်လို့ သိရပါတယ်။

အက်ဇီ(၂၇ နှစ်)ဟာ မူလက ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ပေါင်(၆၈)သန်းဝန်းကျင် တန်ကြေးရှိတဲ့ လျော်ကြေးစာချုပ် ချုပ်ဆိုထားပေမဲ့ သြဂုတ်(၁)ရက်မှာ သက်တမ်းကုန်သွားခဲ့ပါတယ်။

ဒါကြောင့် အာဆင်နယ်နဲ့ ခရစ္စတယ်ပဲလေ့စ်တို့ဟာ အက်ဇီအတွက် ညှိနှိုင်းစျေးနဲ့သာ အပြောင်းအရွှေ့ လုပ်ဆောင်ရတော့မှာပါ။

အာဆင်နယ်အသင်းက အက်ဇီကို လျော်ကြေးစာချုပ်တန်ဖိုးအတိုင်း ပေးချေပြီး ခေါ်ယူဖို့ အသင့်ရှိနေတယ်လို့ သတင်းထွက်ခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ ပထမဆုံးတရားဝင်ကမ်းလှမ်းမှုကို ပေါင်(၅၂)သန်းနဲ့သာ စတင်ဖို့ စီစဉ်နေကြောင်း ဂျာနယ်လစ် စတိဗ်ကေက ဖော်ပြခဲ့ပါတယ်။

အာဆင်နယ်အသင်းက ပေါင်သန်း(၃၀)ကို လက်ငင်းပေချေမှာဖြစ်ပြီး ကျန်တဲ့ ပေါင်(၂၂)သန်းကို နောက်နှစ်ရာသီအတွင်း ပေးချေဖို့ ကမ်းလှမ်းမှာဖြစ်ကြောင်းနဲ့ စျေးကွက်မပိတ်ခင် အက်ဇီကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေကြောင်း သိရပါတယ်။

 

Most Read

Most Recent