လောင်းကစားစည်းမျဉ်းချိုးဖောက်မှု စွဲချက်များမှ ဝက်စ်ဟမ်းကွင်းလယ်လူ ပါကေတာ ကင်းလွတ်ခွင့်ရ

လောင်းကစားစည်းမျဉ်းချိုးဖောက်မှု စွဲချက်များမှ ဝက်စ်ဟမ်းကွင်းလယ်လူ ပါကေတာ ကင်းလွတ်ခွင့်ရ
Photo: AFP
Photo: AFP
Published 1 August 2025

ဝက်စ်ဟမ်းအသင်းကွင်းလယ်လူ ပါကေတာဟာ လောင်းကစားစည််းမျဉ်းချိုးဖောက်မှု စွဲချက်တွေကနေ ကင်းလွတ်ခွင့်ရရှိသွားပြီဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ် ဘရာဇီးလ်လက်ရွေးစင်ကစားသမားဖြစ်သူ ပါကေတာဟာ ၂၀၂၂ ခုနှစ် နိုဝင်ဘာမှ ၂၀၂၃ ခုနှစ် သြဂုတ်လအတွင်း ပရီးမီးယားလိဂ်ပွဲစဉ် ၄ ပွဲမှာ ရည်ရွယ်ချက်ရှိရှိ အဝါကတ်ပြခံရစေဖို့ ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရတာဖြစ်ပါတယ်။

ဒီဖြစ်ရပ်တွေအတွက် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) က ပါကေတာကို ၂၀၂၃ ခုနှစ် သြဂုတ်လမှာ စုံစမ်းစစ်ဆေးမှုစတင်ပြုလုပ်ခဲ့ပြီး ၂၀၂၄ ခုနှစ် မေလမှာ စွဲချက်စုုစုပေါင်း ၆ ခုနဲ့ စွဲချက်တင်ခဲ့ပါတယ်။

ပါကေတာအနေနဲ့ ပြစ်မှုကျူးလွန်ကြောင်းထင်ရှားရင် တစ်သက်တာပွဲပယ်ပြစ်ဒဏ်အထိ ချမှတ်ခံရနိုင်တဲ့အခြေအနေဖြစ်ခဲ့ပေမဲ့ FA ရဲ့ လွတ်လပ်သောကော်မရှင်က စွဲချက် ၄ ခုအတွက် သက်သေလုံလောက်မှုမရှိဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါပေမဲ့ ပါကေတာအနေနဲ့ FA ရဲ့ စုံစမ်းစစ်ဆေးမှုတွေကို ပူးပေါင်းဆောင်ရွက်မှုပျက်ကွက်ခြင်းအတွက် စွဲချက် ၂ ခုကိုတော့ အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်တွေကို ကျေနပ်မှုမရှိရင် FA ဘက်က အယူခံဝင်ခွင့်ရှိတယ်လို့လည်း သိရပါတယ်။

Most Read

Most Recent