အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ နိုင်ငံတော်အာဏာ လွှဲအပ်ဆောင်ရွက်စေခဲ့သည့် အမိန့်အား ယနေ့(ဇူလိုင် ၃၁ ရက်) တွင် ပယ်ဖျက်ခဲ့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇ နှင့် ၄၁၈ အရ အရေးပေါ်အခြေအနေကြေညာ၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်အာဏာကို လွှဲအပ် ဆောင်ရွက်စေသည့်ကိစ္စနှင့်စပ်လျဉ်း၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၎င်းအားပေးအပ်ထားသည့် တာဝန်ပြီးမြောက်အောင် ဆောင်ရွက်ပြီးကြောင်း တင်ပြသည့်အစီရင်ခံစာကို လက်ခံရရှိပြီးဖြစ်သဖြင့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော် အာဏာလွှဲအပ်ဆောင်ရွက်စေခဲ့သည့် နိုင်ငံတော်သမ္မတရုံး၏ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်စွဲပါအမိန့်အမှတ်၊ ၁/၂၀၂၁ ကိုပယ်ဖျက်လိုက်ကြောင်း ယင်းအမိန့်စာတွင် ဖော်ပြထားသည်။















