■ မလေးရှားတွင် ဆန္ဒပြမှုများ ဖြစ်ပွားနေသဖြင့် မြန်မာအလုပ်သမားများ အထူးသတိထားနေထိုင်ရန် လိုအပ်

■ မလေးရှားတွင် ဆန္ဒပြမှုများ ဖြစ်ပွားနေသဖြင့် မြန်မာအလုပ်သမားများ အထူးသတိထားနေထိုင်ရန် လိုအပ်
Published 26 July 2025

မလေးရှားတွင် ဆန္ဒပြမှုများ ဖြစ်ပွားနေသဖြင့် မြန်မာအလုပ်သမားများ အထူးသတိထားနေထိုင်ရန် လိုအပ်ကြောင်း မလေးရှားတွင် လူမှုကူညီမှုများ ဆောင်ရွက်နေသူအချို့က ပြောကြားသည်။

ဇူလိုင် ၂၆ ရက်တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ဆန္ဒပြမှုများ ဖြစ်ပွားနေခြင်းဖြစ်ပြီး မလေးရှားနိုင်ငံသား အများအပြား ပါဝင်ဆန္ဒပြနေကြောင်း သိရသည်။

" အခုက အဖမ်းအဆီးကလည်း ကြမ်းနေတဲ့အချိန် ဆန္ဒပြပွဲတွေ ဖြစ်ပွားနေတော့ မြန်မာတွေ သတိထားနေထိုင်ဖို့ လိုပါတယ်။ မြို့ထဲမသွားတာ အကောင်းဆုံးပဲ။ သွားဖြစ်တယ်ဆိုရင်လည်း ကိုယ့်ဆီမှာ အထောက်အထားအပြည့်အစုံ ဆောင်သွားတာ ကောင်းတယ်။ အထောက်အထားမရှိတဲ့သူတွေကတော့ ဒီနေ့ဘယ်မှ မသွားတာအကောင်းဆုံးပဲ" ဟု မလေးရှားတွင် လူမှုကူညီရေးများ လုပ်ကိုင်နေသူတစ်ဦးက ပြောကြားသည်။

မလေးရှားနိုင်ငံသားများ ဆန္ဒပြမည့် အဓိကနေရာ ငါးနေရာရှိပြီး ယင်းနေရာများမှာ ကွာလာလမ်ပူမြို့အဓိကနေရာများဖြစ်သည့် ဆိုဂိုကုန်တိုက်၊ ပါဆာဆီနီး (ကိုတာရာယာနား) မာဂျစ်အိန္ဒိယ၊ ကပုန်းဘာရူးမှ မာဒေးကာအထိ ချီတက်မည်ဖြစ်သည်ဟု မြန်မာလုပ်သားများကို ကူညီစောင့်ရှောက်နေသူတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။

    

 

Most Read

Most Recent