■ ဗီလာဂိုးသမား မာတီနက်ဇ်နဲ့ မန်ယူနိုက်တက်အသင်း သတင်းထွက်လာပြန်

■ ဗီလာဂိုးသမား မာတီနက်ဇ်နဲ့ မန်ယူနိုက်တက်အသင်း သတင်းထွက်လာပြန်
Photo: YouTube
Photo: YouTube
Published 22 July 2025

မန်ယူနိုက်တက်အသင်းဟာ အက်စတွန်ဗီလာဂိုးသမား အီမီမာတီနက်ဇ်နဲ့ သတင်းတွေ ထပ်ထွက်လာခဲ့ပါတယ်။

မန်ယူနိုက်တက်အနေနဲ့ မာတီနက်ဇ်ကို ခေါ်ယူနိုင်ရေး ချဉ်းကပ်ဖို့ အသင့်ရှိနေပြီလို့လည်း Daily Mail က ရေးသားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်ကုန်မှာ မာတီနက်ဇ်ရဲ့အပြောင်းအရွှေ့အတွက် ဆွေးနွေးနေပြီလို့လည်း သိရပါတယ်။

မာတီနက်ဇ်ဟာ ပြီးခဲ့တဲ့နှစ်နွေရာသီကမှ အက်စတွန်ဗီလာအသင်းနဲ့ စာချုပ်သက်တမ်းတိုးထားပြီး ၂၀၂၉ ခုနှစ်အထိ သက်တမ်းရှိနေပါတယ်။

ဗီလာအသင်းဟာ ဒုတိယအသင်းခေါင်းဆောင် မာတီနက်ဇ်အတွက် ပြောင်းရွှေ့ကြေးကို ပေါင် သန်း ၄၀ ဝန်းကျင်လောက် အလိုရှိနေပါတယ်။

ဒါပေမဲ့ ယင်းပမာဏထက် လျော့နည်းတဲ့ ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ကြိုးပမ်းဖို့များပါတယ်။

မန်ယူနိုက်တက်အသင်းဟာ ဘယ်လ်ဂျီယံကလပ် အန့်ဝပ်အသင်းက လမ်မန်းစ်ကိုလည်း ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။

Most Read

Most Recent