မလေးရှားရှိ သံထည်အဟောင်းဆိုင်တွင် လုပ်ဖော်ကိုင်ဖက် မလေးရှားလူမျိုးကို သတ်ဖြတ်မှုဖြင့် မြန်မာနိုင်ငံသားတစ်ဦးကို ပိုက်စိပ်တိုက်ရှာဖွေနေကြောင်း မလေးရှားသတင်းဌာနတစ်ခုဖြစ်သည့် Banama သတင်းဌာနက ဖော်ပြသည်။
မလေးရှားနိုင်ငံ ဂျာလန်းမြို့နယ်ရှိ သံထည်အဟောင်းအရောင်းဆိုင်တွင် ၃၇ နှစ်အရွယ် မြန်မာနိုင်ငံသားတစ်ဦးက လုပ်ဖော်ကိုင်ဖက် မလေးရှားလူမျိုးတစ်ဦးကို ဇွန် ၂၉ ရက်က သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါသတင်းဌာနက ဖော်ပြသည်။
မလေးရှားရဲတပ်ဖွဲ့အနေဖြင့် ဇွန် ၂၉ ရက် ည ၁၁ နာရီခွဲခန့်တွင် လူနှစ်ဦး ရန်ဖြစ်နေသည်ဆိုသည့် အရေးပေါ်ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိခဲ့ကြောင်း၊ အခင်းဖြစ်နေရာသို့ သွားရောက်ချိန်တွင် အသတ်ခံရသည့် မလေးရှားနိုင်ငံသားကို အကျင်္ ီမပါဘဲ ထိုးသွင်းဒဏ်ရာများဖြင့် လဲကျသေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။















