■ ၂၀၂၄-၂၀၂၅ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပွဲစတင်ချိန်နောက်ကျတဲ့ပွဲ (၉) ပွဲအထိရှိခဲ့တာကြောင့် မန်စီးတီးအသင်း ဒဏ်ကြေး ပေါင် (၁) သန်း ချမှတ်ခံရ     

■ ၂၀၂၄-၂၀၂၅ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပွဲစတင်ချိန်နောက်ကျတဲ့ပွဲ (၉) ပွဲအထိရှိခဲ့တာကြောင့် မန်စီးတီးအသင်း ဒဏ်ကြေး ပေါင် (၁) သန်း ချမှတ်ခံရ     
Photo: Getty Images
Photo: Getty Images
Published 20 June 2025

မန်စီးတီးအသင်းအနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပွဲစတင်ချိန်နောက်ကျတဲ့ပွဲ (၉) ပွဲအထိ ရှိခဲ့တာကြောင့် ဒဏ်ကြေးပေါင်တစ်သန်း ချမှတ်ခံရတယ်လို့ သိရပါတယ်။ 

မန်စီးတီးအသင်းဟာ ၂၀၂၄-၂၀၂၅ ရာသီ အောက်တိုဘာမှ ဖေဖော်ဝါရီလအတွင်း ပွဲစတင်ချိန် ဒါမှမဟုတ် ပြန်လည်စတင်ချိန် နောက်ကျတဲ့ပွဲ (၉) ပွဲအထိ ရှိတာကြောင့် ဒဏ်ကြေးချမှတ်ခံရတာ ဖြစ်ပါတယ်။ 

ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ စည်းမျဉ်းအမှတ် L.33 အရ မည်သည့်အသင်းမဆို ကောင်းမွန်တဲ့ အကြောင်းပြချက်မရှိဘဲ ပွဲစတင်ချိန် ဒါမှမဟုတ် ပထမပိုင်းပြီးနောက် ပြန်လည်စတင်ချိန် နောက်ကျရင် အရေးယူခံရမှာ ဖြစ်ပါတယ်။ 

မန်စီးတီးအသင်းဟာ အောက်တိုဘာ ၂၆ ရက်က ဆောက်သမ်တန်အသင်းနဲ့ ကစားတဲ့ အိမ်ကွင်းပွဲမှာ ပြန်လည်စတင်ချိန် (၂) မိနစ်၊ (၁၀) စက္ကန့်၊ နိုဝင်ဘာ ၂၃ ရက်က စပါးအသင်းနဲ့ ကစားတဲ့ အိမ်ကွင်းပွဲမှာ ပွဲစတင်ချိန် (၁) မိနစ်၊ (၃၈) စက္ကန့်၊ ဒီဇင်ဘာ (၄) ရက်က နော်တင်ဟမ်အသင်းနဲ့ ကစားတဲ့ အိမ်ကွင်းပွဲမှာ ပြန်လည်စတင်ချိန် (၁) မိနစ်၊ (၅၉) စက္ကန့်၊ ဒီဇင်ဘာ (၇) ရက်က ပဲလေ့စ်အသင်းနဲ့ ကစားတဲ့ အဝေးကွင်းပွဲမှာ ပြန်လည်စတင်ချိန် (၁) မိနစ်၊ (၂၉) စက္ကန့်၊ ဒီဇင်ဘာ (၁၅) ရက်က မန်ယူနိုက်တက်အသင်းနဲ့ ကစားတဲ့ အိမ်ကွင်းပွဲမှာ ပွဲစတင်ချိန် (၂) မိနစ်၊ (၂၄) စက္ကန့်၊ ဒီဇင်ဘာ (၂၁) ရက်က ဗီလာအသင်းနဲ့ ကစားတဲ့့ အဝေးကွင်းပွဲတွင် ပြန်လည်စတင်ချိန် (၂) မိနစ်၊ (၉) စက္ကန့်၊ ဇန်နဝါရီ (၄) ရက်က ဝက်စ်ဟမ်းအသင်းနဲ့ ကစားတဲ့့ အိမ်ကွင်းပွဲမှာ ပြန်လည်စတင်ချိန် (၁) မိနစ်၊ (၄၂) စက္ကန့်၊ ဇန်နဝါရီ (၁၉) ရက်က အစ်ဝစ်ချ်အသင်းနဲ့ ကစားတဲ့ အဝေးကွင်းပွဲမှာ ပြန်လည်စတင်ချိန် (၂) မိနစ်၊ (၂၂) စက္ကန့်၊ ဖေ ဖော်ဝါရီ (၁၅) ရက်က နယူးကာဆယ်အသင်းနဲ့ ကစားတဲ့ အိမ်ကွင်းပွဲမှာ ပြန်လည်စတင်ချိန် (၁) မိနစ်၊ ၄၂ စက္ကန့် နောက်ကျခဲ့တာ ဖြစ်ပါတယ်။ 

ဒါကြောင့် FA က ဒဏ်ကြေး ပေါင် (၁.၀၈) သန်း ချမှတ်ခဲ့ခြင်းဖြစ်ပြီး မန်စီးတီးအသင်းကလည်း ပြစ်ဒဏ်ကို လက်ခံသလို သူတို့ရဲ့လုပ်ရပ်အတွက် တောင်းပန်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 မန်စီးတီးအသင်းဟာ အရင် ၂၀၂၂-၂၀၂၃ နဲ့ ၂၀၂၃-၂၀၂၄ ရာသီတွေမှာလည်း အလားတူ ပွဲစဉ် (၂၂) ပွဲမှာ ပွဲစတင်ချိန် ဒါမှမဟုတ် ပြန်လည်စတင်ချိန် နောက်ကျလို့ ပေါင် (၂) သန်း ဒဏ်ကြေးချမှတ်ခံရဖူးတာပါ။ 

အခုဖြစ်စဉ်မှာ မန်စီးတီးအသင်း ရင်ဆိုင်နေရတဲ့ စွဲချက် (၁၁၅) ခုနဲ့ သက်ဆိုင်ခြင်းမရှိဘဲ သီးခြားဖြစ်တယ်လို့ သိရပါတယ်။ မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲဲ့ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှုကြောင့် စွဲချက် (၁၁၅) ခုအတွက် စွဲချက်တင်ခံထားရပြီး ကြားနာစစ်ဆေးမှုတွေ ပြုလုပ်ထားပြီးဖြစ်ပြီး အဲဒီအမှုကို ရာသီသစ်မစတင်မီ အမိန့်ချမှတ်ဖွယ်ရှိတယ်လို့ သိရပါတယ်။ 

Most Read

Most Recent