Goal.com မှ ရွေးချယ်သည့် ၂၀၂၄-၂၅ ရာသီ ဥရောပအကောင်းဆုံးအသင်းတွင် ရီးယဲလ်တိုက်စစ်မှူး ဘာပေ၊ လီဗာပူးလ်တိုက်စစ်ကစားသမား ဆာလာနှင့် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟာရီကိန်းတို့ ပါဝင်ခြင်းမရှိကြောင်း သိရသည်။
Goal.com သည် ၂၀၂၄-၂၅ ရာသီအတွင်း ဥရောပဘောလုံးလောက၌ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့သည့် ကစားသမားများကို နေရာအလိုက် စွမ်းဆောင်ရည်အပေါ် အခြေခံ၍ အကောင်းဆုံးအသင်း ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ဥရောပဂိုးသွင်းဘုရင်ဆုရရှိခဲ့သည့် ဘာပေနှင့်အတူ ပရီးမီးယားလိဂ်ဂိုးသွင်းဘုရင်ဆုရရှိခဲ့သည့် ဆာလာနှင့် ဘွန်ဒစ်လီဂါဂိုးသွင်းဘုရင်ဆု ရရှိခဲ့သည့် ဟာရီကိန်းတို့ မပါဝင်ခဲ့ဘဲ ပြင်သစ်လိဂ်ဂိုးသွင်းဘုရင် ဒမ်ဘီလီသာ ပါဝင်ခဲ့ခြင်းဖြစ်သည်။
ယခုအသင်းတွင် ချန်ပီယံလိဂ်ဗိုလ်လုပွဲရောက် PSG အသင်းမှ ကစားသမား(၆)ဦးအထိ ပါဝင်ခဲ့သော်လည်း အင်တာမီလန်အသင်းမှ ကစားသမားတစ်ဦးမျှ ပါဝင်ခဲ့ခြင်းမရှိပေ။
Goal.com ၏ ဥရောပအကောင်းဆုံးအသင်းတွင် ပါဝင်ခဲ့သူများမှာ ဂိုး - ဒွန်နာရမ်မာ(PSG)၊ နောက် - ဟာကီမီ(PSG)၊ ဂါဘရီယဲလ်(အာဆင်နယ်)၊ ဗန်ဒိုက်(လီဗာပူးလ်)၊ မန်ဒက်စ်(PSG)၊ လယ် - ယာအိုနယ်ဗက်စ်(PSG)၊ ဗီတင်ညာ(PSG)၊ ပတ်ဒရီ(ဘာစီလိုနာ)၊ ရှေ့- ယမားလ်(ဘာစီလိုနာ)၊ ဒမ်ဘီလီ(PSG)၊ ရာဖင်ညာ(ဘာစီလိုနာ)တို့ဖြစ်သည်။
Goal.com ၏ ဥရောပအကောင်းဆုံးအသင်းတွင် ဘာပေ၊ ဆာလာနှင့် ဟာရီကိန်းတို့မပါဝင်
Most Read
Most Recent
13 hours ago















