တောင်ကြီးမြို့တွင် ကဆုန်လပြည့်နေ့ စူဠာမုနိလောကချမ်းသာစေတီတော်တွင် ညောင်ရေသွန်းလောင်းပူဇော်ပွဲ ပြုလုပ်

တောင်ကြီးမြို့တွင် ကဆုန်လပြည့်နေ့ စူဠာမုနိလောကချမ်းသာစေတီတော်တွင် ညောင်ရေသွန်းလောင်းပူဇော်ပွဲ ပြုလုပ်
Published 11 May 2025

တောင်ကြီးမြို့တွင် ကဆုန်လပြည့်နေ့ စူဠာမုနိလောကချမ်းသာစေတီတော်တွင် ညောင်ရေသွန်းလောင်း ပူဇော်ပွဲကို မေ ၁၁ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

တောင်ကြီးမြို့ စူဠာမုနိလောကချမ်းသာစေတီတော်တွင် ကဆုန်လပြည့်နေ့ ဘုရားဖူးသူ ၊ ညောင်ရေသွန်းလောင်း ပူဇော်သူများဖြင့် စည်ကားနေသည်ကို မြင်ရသည်။ မနက်ပိုင်းတွင် သံဃာတော် ၁၀၈ ပါး ကို ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ပြုလုပ်ခဲ့ပြီး ၊ ညောင်ရေသွန်းလောင်းပူဇော်ပွဲကိုလည်း ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

တောင်ကြီးမြို့၊ ချမ်းမြသာစည်ရပ်ကွက်၊ စတုဘုမ္မိကကျောင်းတိုက်၊ သေလာပဗ္ဗဒဆင်ဖြူတော် တောင်တွင် တည်ထားကိုးကွယ်နေသော ဝဋ်ကြွေးကြေစေတီတော်မြတ်ကြီး ရွှေထီးတော်တင်လှူပွဲကြီး နှင့် ဗုဒ္ဓါဘိသေက အနေကဇာ တင်လှူခြင်း မင်္ဂလာအခမ်းအနားတို့ကို မေလ ၁၁ ရက် ၊ ကဆုန်လပြည့်နေ့ ၊ နံနက်ပိုင်း ၉ နာရီ ၁၁ မိနစ်အချိန်တွင် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ မင်္ဂလာအချိန် နံနက်ပိုင်း ၉ နာရီ ၁၁ မိနစ် အချိန်တွင် စေတီတော်ကြီး ရွှေထီးတော်တင်လှူခြင်း အခမ်းအနားကို ပြုလုပ်ခဲ့ကာ သက်ဆိုင်ရာ တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြခြင်း ဖြစ်သည်။

ထို့ပြင် တောင်ကြီးမြို့လည် ဓမ္မာရုံတွင် ကဆုန်လပြည့်နေ့ ၊ ဘုရား အနေကဇာ တင်ခြင်း အခမ်းအနားကိုလည်း မနက်ပိုင်း ၅ နာရီ အချိန်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် တောင်ကြီးမြို့ ၊ ကျောင်းကြီးစုရပ်ကွက်ရှိ ဥပတ္တမ္ဘ ကဝန်းအတွင်း ညနေပိုင်း ၃ နာရီ အချိန်တွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent