အိန္ဒိယနှင့် တင်းမာမှုမြင့်တက်နေစဉ်အတွင်း ပါကစ္စတန်က ဒုံးကျည်လက်နက်စနစ် စမ်းသပ်

အိန္ဒိယနှင့် တင်းမာမှုမြင့်တက်နေစဉ်အတွင်း ပါကစ္စတန်က ဒုံးကျည်လက်နက်စနစ် စမ်းသပ်
၂၀၁၉ ခုနှစ် မတ် ၂၃ ရက်က အစ္စလမ်မာဘတ်မြို့တော်ရှိ ပါကစ္စတန်စစ်ရေးပြအခမ်းအနားအတွင်း မြေပြင်မှမြေပြင်ပစ် ပဲ့ထိန်းဒုံးဘေးတွင် ရပ်နေသော စစ်သားများကို တွေ့ရစဉ်(Photo:AFP)
၂၀၁၉ ခုနှစ် မတ် ၂၃ ရက်က အစ္စလမ်မာဘတ်မြို့တော်ရှိ ပါကစ္စတန်စစ်ရေးပြအခမ်းအနားအတွင်း မြေပြင်မှမြေပြင်ပစ် ပဲ့ထိန်းဒုံးဘေးတွင် ရပ်နေသော စစ်သားများကို တွေ့ရစဉ်(Photo:AFP)
Published 4 May 2025

လွန်ခဲ့သည့်လက အငြင်းပွားဖွယ်ကက်ရှ် မီးယားဒေသတွင် လူသေဆုံးမှုရှိသော တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် အိန္ဒိယနှင့်တင်းမာမှုများ မြင့်တက်နေစဉ် ပါကစ္စတန်စစ်တပ်က မေ ၃ ရက်တွင် မြေပြင်မှ မြေပြင်သို့ ပစ်ခတ် သည့်ဒုံးကျည်လက်နက်စနစ်ကို စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

လွန်ခဲ့သည့်လက အိန္ဒိယဘက်ခြမ်းရှိ ကက်ရှ်မီးယားဒေသတွင် ခရီးသွားများအပေါ် တိုက်ခိုက်မှုဖြစ်စဉ်အား ပါကစ္စတန်အစိုးရက ကျောထောက်နောက်ခံပြုထားကြောင်း အိန္ဒိယအစိုးရက ပြစ်တင်ပြောကြားခဲ့ပြီး နောက် နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် အိမ်နီးချင်းနှစ်နိုင်ငံအကြား တင်းမာမှုများ မြင့်တက်လျက်ရှိသည်။

ပါကစ္စတန်စစ်တပ်က အကွာအဝေး ၄၅၀ ကီလိုမီတာ (၂၇၉ မိုင်)အကွာရှိမြေပြင်မှ မြေပြင်သို့ ပစ်ခတ်သည့် ဒုံးကျည်ဖြစ်သော “ Abdali Weapon System” ကိုအောင်မြင်စွာ စမ်းသပ်ပစ်ခတ်နိုင်ခဲ့ကြောင်း မေ ၃ ရက်တွင် ပြောကြားခဲ့သည်။

“ပါကစ္စတန်စစ်တပ်အနေနဲ့ ဒုံးကျည်ကို အသုံးပြုဖို့ အဆင်သင့်ဖြစ်နေကြောင်း သေချာစေဖို့ စမ်းသပ်လိုက်တာဖြစ်ပါတယ်။ဒါ့ပြင် ဒုံးကျည်ရဲ့ ပဲ့ထိန်းစနစ်လိုမျိုး အရေးပါတဲ ့အစိတ်အပိုင်းတွေကို စမ်းသပ်တာလဲဖြစ်သလို ပျံသန်းနေစဉ် ဦးတည်ချက်ပြောင်းလဲနိုင်စွမ်း တိုးတက်မှုရှိစေဖို့လည်း စမ်းသပ်တာဖြစ်ပါတယ်”ဟု ပါကစ္စတန်စစ်တပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းဒုံးကျည်ကို မည်သည့်နေရာတွင် စမ်းသပ်ပစ်လွှတ်ကြောင်း ပြောကြားထားခြင်း မရှိပေ။

အိန္ဒိယဝန်ကြီးချုပ်နရင်ဒရာမိုဒီက အိန္ဒိယဘက်ခြမ်းရှိ ကက်ရှ်မီးယားဒေသပါ ဟယ်ဂမ်မြို့တွင် တိုက်ခိုက်မှုဖြစ်စဉ်ကို တုံ့ပြန်ရန်အတွက် ၎င်း၏စစ်တပ်ကို အပြည့်အဝ လုပ်ပိုင်ခွင့်ပေးထားကြောင်း ပြောကြားခဲ့ ပြီးနောက် ပါကစ္စတန်စစ်တပ်က ဒုံးကျည်ပစ်လွှတ် စမ်းသပ်ခဲ့ခြင်းဖြစ်သည်။

ပါဟယ်ဂမ်တွင်ဖြစ်ပွားသော တိုက်ခိုက်မှုတွင် ဟိန္ဒူခရီးသွားအများစုအပါအဝင်လူ ၂၆ ဦး သေဆုံးခဲ့သည်။

ပါကစ္စတန်က ယင်းတိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ငြင်းဆိုခဲ့ပြီး သီးခြားစုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် တောင်းဆိုခဲ့သည်။

ယခုသီတင်းပတ်အတွင်း၌ ပါကစ္စတန် အစိုးရသည် အိန္ဒိယမှ လေကြောင်းတိုက်ခိုက် လာနိုင်ခြေကို သတိပေးထားပြီး အိန္ဒိယ၏ ရန်လိုမှုကို အင်အားသုံးတုံ့ပြန်သွားမည်ဟု ပြောကြားခဲ့သည်။

ကမ္ဘာတစ်ဝန်းမှ ခေါင်းဆောင်များကမူ အတိတ်ကာလက စစ်ပွဲများဖြစ်ပွားခဲ့သည့် အိန္ဒိယနှင့် ပါကစ္စတန် နှစ်နိုင်ငံစလုံးကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြရန်တိုက် တွန်းခဲ့ကြပြီး စိုးရိမ်ကြောင်း ဖော်ပြခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အပါအဝင် ထိပ်တန်းအမေရိကန်ခေါင်းဆောင်များသည် ယင်းတိုက်ခိုက်မှုကို ပြစ်တင်ရှုံ့ချခဲ့ပြီး ယင်းတိုက်ခိုက်မှုအား အကြမ်းဖက်တိုက်ခိုက်မှုဟု ခေါ်ဆိုခဲ့ပြီး ပါကစ္စတန်ကိုတိုက်ရိုက် အပြစ်တင်ခြင်းမရှိဘဲ အိန္ဒိယအားအားပေး ထောက်ပံ့မှုကို ပြသခဲ့သည်။

အိန္ဒိယဘက်ခြမ်းရှိ ကက်ရှ်မီးယားဒေသတွင် လတ်တလောဖြစ်ပွားသည့် အစ္စလာမ် မစ်စစ်သွေးကြွတိုက်ခိုက်မှု ဖြစ်စဉ်အပေါ် အိန္ဒိယ၏ တုံ့ပြန်မှုသည် ပိုမိုကျယ်ပြန့်သော ဒေသတွင်း ပဋိပက္ခတစ်ရပ်ဆီ ဦးတည်မလာ စေလိုကြောင်း မျှော်လင့်သည်ဟု အမေရိကန် ဒုသမ္မတဂျေဒီဗန့်စ်က သတိပေးပြောကြားခဲ့သည်။                                            

Ref:AFP

Most Read

Most Recent