ကော့သောင်း-ရနှောင်းနယ်စပ်လူဝင်/လူထွက်ပိတ်မည်ဟု သတင်းမှားများထွက်ပေါ်နေသော်လည်း ပုံမှန်အတိုင်းသွားလာနေလျက်ရှိ

ကော့သောင်း-ရနှောင်းနယ်စပ်လူဝင်/လူထွက်ပိတ်မည်ဟု သတင်းမှားများထွက်ပေါ်နေသော်လည်း ပုံမှန်အတိုင်းသွားလာနေလျက်ရှိ
Published 3 May 2025

ကော့သောင်းရနှောင်းနယ်စပ်လူဝင်/လူထွက်ပိတ်မည်ဟုသတင်းမှားများထွက်ပေါ်နေသော်လည်း ပုံမှန်အတိုင်းသွားလာနေလျက်ရှိနေကြောင်းနယ်ခြားကော်မတီနှင့်နီးစပ်သူများထံမှသိရှိရသည်။

တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းမြို့နှင့်ထိုင်းနိုင်ငံ၊ရနှောင်းမြို့မှာပုံမှန်ကုန်သွယ်မှုနှင့်နယ်စပ်လူဝင်/လူထွက်ခရီး သွားလာမှုပုံမှန်အတိုင်းရှိနေကြောင်းမေလ ၂ ရက်နေ့တွင်ထိုင်းဘက်မှနယ်စပ်ပိတ်မည်ဆိုသည့်သတင်းမှာမှားယွင်းနေ ကြောင်းယခု မေလ ၂ ရက်နေ့တွင်လည်းခရီးသွားများပုံမှန် အတိုင်းရှိနေကြောင်းသိရသည်။

" ထိုင်းဘက်က လဝက နှင့် ကော့သောင်းဘက်က လဝက တွေမှာလည်း ဘာညွန်ကြားချက်မှမရှိဘူး။ သူတို့ပုံမှန်အတိုင်းလုပ်ငန်းဆောင်ရွက်ပေးနေပါတယ် ဒီနေ့လည်းရနှောင်းဘက်ကိုသွားတဲ့ပဲ့ချိတ်တွေထွက်နေတာပဲ။ ကုန်သည်တွေ၊ဆေးကုတဲ့သူတွေ၊အလည်အပတ်သွားတဲ့သူတွေပုံမှန်အတိုင်းသွားနေတယ်။ဆိုရှယ်မီဒီယာတွေမှာကောလဟာလ ထွက်နေတာပါ "ဟု နယ်ခြားကော်မတီနှင့်နီးစပ်သူတစ်ဦးကပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဧပြီ ၂၉ ရက်နေ့ကစပြီး လူမှုကွန်ရက်ပေါ်တွင်ရနောင်းမြို့အုပ်ချုပ်ရေးမှူးမှလာမည့် မေ၂ ရက် ကျရင်နယ်စပ်ကူးသန်းသွားလာမှု ၁ လပိတ်မည်ဖြစ်ကြောင်း၊ယာယီနယ်စပ်ဖြတ်သန်းသွားလာခွင့် TBP များရပ်နားထားမည်ဖြစ်ကြောင်း၊ရနောင်းခရိုင်ရှိလူဝင်မှုကြီး ကြပ်ရေးအရာရှိများကစီးပွားရေးလုပ်ငန်းရှင်များကိုအ ကြောင်းကြားထားကြောင်း၊ရနောင်း-ကော့သောင်းစစ်ဆေး ရေးဂိတ်အဝင်အထွက်အား ၁ လ ပိတ်ထားမည့်အကြောင်းစသည့်အကြောင်းအရာများရေးသားထားကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်သတင်းများထွက်ပေါ်လာပြီးနောက် Eleven Media မှစုံစမ်းရာတွင်းသတင်းမှားယွင်းနေကြောင်းမေလ ၂ ရက်တွင် ကော့သောင်း-ရနှောင်းနယ်စပ်ပုံမှန်အတိုင်းလည်ပတ်နေကြောင်းသိရှိရသည်။

ကော့သောင်း-ရနှောင်းနယ်စပ်မှာ ရေလမ်းခရီးဖြင့်ကုန်သွယ်မှုပြုလုပ်ရပြီးနှစ်နိုင်ငံသားများမှာ လည်းပဲ့ချိတ်၊စပိဘုတ်များဖြင့် သွားလာမှုပြုလုပ်ကြကြောင်းသိရသည်။

ဇော်မိုးဦး ( မြိတ်)

ပုံစာ.မေလ ၂ ရက်က ကော့သောင်းမှရနှောင်းကို သွားနေသူများနှင့်နယ်စပ်ဖြတ်သန်းခွင့်စာအုပ်ထုတ်ပေးသည့်ရုံးအား တွေ့ရစဉ်

Most Read

Most Recent