တောင်ကိုရီးယားသမ္မတဟောင်း ယွန်းဆော့ယို အာဏာအလွဲသုံးမှုဖြင့် စွဲချက်တင်ခံရ

တောင်ကိုရီးယားသမ္မတဟောင်း ယွန်းဆော့ယို အာဏာအလွဲသုံးမှုဖြင့် စွဲချက်တင်ခံရ
Published 1 May 2025

တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယို သည် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့မှုနှင့် ပတ်သက်ပြီး မေ ၁ ရက်တွင် အာဏာအလွဲ သုံးမှုဖြင့် စွဲချက်တင်ခံခဲ့ရကြောင်း အစိုးရ ရှေ့နေများက ပြောကြားခဲ့သည်။

ယွန်းသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၃ ရက်က ဒီမိုကရေစီစနစ်ကျင့်သုံးသည့် တောင် ကိုရီးယားတွင် အရပ်ဘက်အုပ်ချုပ်ရေးကို ဆိုင်းငံ့ရန် စစ်အုပ်ချုပ်ရေးကြေညာမှုကြောင့်  ပုန်ကန်မှုစွဲချက်များနှင့် ရင်ဆိုင်နေရချိန်တွင်  အာဏာအလွဲသုံးမှုစွဲချက်အသစ်နှင့် ထပ်မံ ရင်ဆိုင်ခဲ့ရသည်။

ယွန်းသည် စစ်အုပ်ချုပ်ရေးအမိန့်ကြေ ညာခဲ့သဖြင့် လွှတ်တော်အမတ်များက ၎င်းအား စွပ်စွဲပြစ်တင်ပြီး သမ္မတရာထူးမှ ဆိုင်းငံ့ ခဲ့ကာ ဧပြီလအစောပိုင်းတွင် အခြေခံဥပဒေ ဆိုင်ရာတရားရုံးက ယွန်းအား သမ္မတရာထူးမှ ဖယ်ရှားခဲ့သည်။

အစိုးရရှေ့နေများသည် ယွန်းကို ဇန်နဝါရီလက ပထမအကြိမ် စွဲချက်တင်ခဲ့ခြင်း ဖြစ်ပြီး ထိုစွဲချက်သည် သမ္မတဆိုင်ရာ လွတ်ငြိမ်းခွင့်ထဲတွင် မပါသည့် ပုန်ကန်မှုစွဲချက် ဖြစ်သည်။

ယွန်းအား ပုန်ကန်မှုဖြင့် စွဲချက်တင်ခဲ့ ပြီးကတည်းက အာဏာအလွဲသုံးမှုနှင့် ပတ် သက်ပြီး စွဲချက်တင်ရန် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပြီးနောက် ယခုကဲ့သို့ ထပ်မံ စွဲချက်တင်ခဲ့ခြင်းဖြစ်ကြောင်း အစိုးရရှေ့နေ များက မေ ၁ ရက်တွင် ပြောကြားခဲ့သည်။

ယွန်းသည် ဇန်နဝါရီလက ပုန်ကန်မှုစွဲ ချက်နှင့်ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသော်လည်း တရားရေးဆိုင်ရာ လုပ်ထုံးလုပ် နည်းများအရ မတ်လတွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။

စုံစမ်းစစ်ဆေးသူများက ယွန်း၏ဇနီးဖြစ် သူ ကင်ကွမ်ဟီး ပါဝင်ပတ်သက်နေသည့် လာဘ်ယူမှုစွဲချက်နှင့်၊ ကင်ကွမ်ဟီးကိုယ်စား လက်ဆောင်များကို လက်ခံမှုဖြင့် စွပ်စွဲခံထား ရသည့် နတ်ဆရာတစ်ဦး၏ အချက်အလက် များကို စုံစမ်းစစ်ဆေးမှု၏ တစ်စိတ်တစ်ပိုင်း အဖြစ် ဆိုးလ်မြို့တော်ရှိ ယွန်း၏ ပုဂ္ဂလိကပိုင် နေအိမ်ကို စုံစမ်းစစ်ဆေးသူများက ဝင် ရောက်စီးနင်းခဲ့ပြီးနောက် တစ်ရက်အကြာ တွင် ယွန်းသည် အာဏာအလွဲသုံးမှုစွဲချက်ဖြင့် စွဲချက်တင်ခံခဲ့ရသည်။

ယွန်းနှင့် ၎င်း၏ ဇနီးဖြစ်သူ ကင်တို့သည် ယွန်း၏ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာမှုနှင့် ဆက်နွှယ်မှုမရှိသည့် အခြား တရားရေးဆိုင်ရာ ပြဿနာများနှင့်ရင်ဆိုင်နေရသည်။

ယွန်းနှင့် ရင်းနှီးသည့် နတ်ဆရာတစ်ဦး ဖြစ်သူ ဂျောင်ဆောင်ဘင်းသည် စိန်ဘယက် တစ်ခု၊ တန်ဖိုးကြီး လက်ကိုင်အိတ်တစ်ခုနှင့်  ဒေါ်လာထောင်ချီတန်သည့် ဂျင်ဆင်းအားဆေးကို ပြန်လည်ပေါင်းစည်းရေး ဘုရားကျောင်းမှအရာရှိတစ်ဦးထံမှ လက်ခံရယူခဲ့ ပြီး ကင်ကိုလွှဲပြောင်းပေးအပ်ခဲ့သည် ဆိုသည့်  စွဲချက်များကို အစိုးရရှေ့နေများက စုံစမ်းစစ်ဆေးနေသည်။

ထို့ပြင် ယွန်းအာဏာရချိန်က ယွန်း၏ ဇနီးဖြစ်သူ ကင်သည် စတော့ရှယ်ယာစျေး ကွက်ကို ကြိုးကိုင်ချယ်လှယ်ခဲ့သည်ဆိုသည့် စွဲချက်များကို စုုံစမ်းစစ်ဆေးမှုအား ဆိုးလအထက် အစိုးရရှေ့နေများရုံးက ပြန်လည် ဖွင့်လှစ်ခဲ့သည်။

ယွန်းသည် ၂၀၂၂ ခုနှစ်က သမ္မတအဖြစ် ရွေးကောက်ခံရချိန်တွင် လွှတ်တော်အတွက် ကိုယ်စားလှယ်လောင်းရွေးချယ်သည့် ၎င်းပါတီ၏ လုပ်ငန်းစဉ်များကိုလည်း တရားမဝင် စွက်ဖက်ခဲ့သည့် စွဲချက်များဖြင့်လည်း ရင်ဆိုင် နေရသည်။ယွန်းကမူ ၎င်းင်းအပေါ် စွဲဆိုထား သည့် စွဲချက်များနှင့်ပတ်သက်ပြီး တစ်စုံတရာ အမှားအယွင်းလုပ်ထားခြင်းမရှိကြောင်း ငြင်းဆိုခဲ့သည်။                    

Ref;AFP

Most Read

Most Recent