ညောင်ဦးမြို့နယ်၊ရုံးညောင်ပင်စက်လှေဆိပ်တွင် ကလေးလေးဦး ရေဆင်းချိုးရာမှ ရေနစ်ပျောက်ဆုံးပြီး နှစ်ဦး၏ အလောင်းရှာဖွေတွေ့ရှိ

ညောင်ဦးမြို့နယ်၊ရုံးညောင်ပင်စက်လှေဆိပ်တွင် ကလေးလေးဦး ရေဆင်းချိုးရာမှ ရေနစ်ပျောက်ဆုံးပြီး နှစ်ဦး၏ အလောင်းရှာဖွေတွေ့ရှိ
Published 23 April 2025

ညောင်ဦးမြို့နယ်၊ရုံးညောင်ပင်စက်လှေဆိပ်တွင် ကလေးလေးဦး ရေဆင်းချိုးရာမှ ရေနစ်ပျောက်ဆုံးပြီး နှစ်ဦး၏ အလောင်းရှာဖွေတွေ့ရှိ

ညောင်ဦးမြို့နယ်၊ရုံးညောင်ပင်စက်လှေဆိပ်တွင် ကလေးလေးဦး ရေဆင်းချိုးရာမှ ရေနစ်ပျောက်ဆုံးပြီး နှစ်ဦး၏ အလောင်းရှာဖွေတွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။

ဧပြီ ၂၃ ရက်၊ မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ အမှတ်(၁) ရပ်ကွက်၊ ရုံးညောင်ပင်စက်လှေဆိပ်တွင် ကလေး (၄) ဦး ရေဆင်းချိုးရာမှ ရေနစ်ပျောက်ဆုံးနေကြောင်း သတင်းရရှိသဖြင့် ညောင်ဦးမြို့နယ်မီးသတ်စခန်းမှ အထောက်အကူပြုယာဉ်(၁)စီး၊ Asault Boat (၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အမှတ်(၅ )အရန်မီးသတ်စခန်းမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးယာဉ်(၁)စီးတို့ဖြင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ရှာဖွေရာ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်နဲ့ မွန်းလွဲ ၁ နာရီ ၂၄ မိနစ်တွင် ရေနစ်ပျောက်ဆုံးခဲ့သည့် ကလေးနှစ်ဦးရဲ့ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရပြီး ပျောက်ဆုံးနေသူနှစ်ဦးအား ဆက်လက်ရှာဖွေကယ်ဆယ်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent