ပဲခူးတိုင်းဒေသကြီး၊ တပ်နယ်များ အလိုက် အသစ်ဖွဲ့စည်းထားရှိသည့် ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များအား လက်နက်တပ်ဆင်အပ်နှင်း

ပဲခူးတိုင်းဒေသကြီး၊ တပ်နယ်များ အလိုက် အသစ်ဖွဲ့စည်းထားရှိသည့် ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များအား လက်နက်တပ်ဆင်အပ်နှင်း
Published 23 April 2025

ပဲခူးတိုင်းဒေသကြီး၊ တပ်နယ်များအလိုက် အသစ်ဖွဲ့စည်းထားရှိသည့် ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား လက်နက်တပ်ဆင်အပ်နှင်းခဲ့ကြောင်း သိရသည်။

ယနေ့(ဧပြီ ၂၂ ရက်) နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အေးချမ်းဖြိုးခန်းမ၌ ပဲခူးတိုင်းဒေသကြီး၊ တပ်နယ်များအလိုက် အသစ်ဖွဲ့စည်းထားရှိသည့် ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များအား လက်နက်တပ်ဆင်အပ်နှင်းခြင်းကို ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကြည်သိုက်နှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

အခမ်းအနားတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်က အဖွင့်အမှာစကားပြောကြားကာ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအတွက် လက်နက်များ တပ်ဆင်အပ်နှင်းပြီး တိုင်းမှူးက စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် တာဝန်ရှိသူတစ်ဦးက ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။ 

Most Read

Most Recent