လာလီဂါ ပွဲစဉ်-၃၃ ပွဲကြိုသုံးသပ်ချက်

လာလီဂါ ပွဲစဉ်-၃၃ ပွဲကြိုသုံးသပ်ချက်
Photo: X
Photo: X
Published 22 April 2025

♦ ဘီလ်ဘာအို နှင့် လက်စ်ပါမားစ် (မြန်မာစံတော်ချိန် ဧပြီလ ၂၃ ရက် ည ၁၁:၃၀ နာရီ)

ဘီလ်ဘာအိုကတော့ လာလီဂါမှာ ထိန်းကစားနေတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက်လည်း အခြေအနေကောင်းနေလို့ လာလီဂါထက် ယူရိုပါလိဂ်ကို ပိုအာရုံစိုက်နေတဲ့ ပုံပါပဲ။ ဒါပေမဲ့ အိမ်ကွင်းပွဲတွေဆိုရင်တော့ ရမှတ်အလေအလွင့်သိပ်မရှိအောင် ဘီလ်ဘာအိုအသင်း ကစားလေ့ရှိတယ်။ ဒါကြောင့် လက်စ်ပါမားစ်ကိုလည်း  အနိုင်ကစားသွားဖို့များပါတယ်။ ဂိုးနည်း နိုင်တယ်။

♦ ဆယ်လ်တာဗီဂို နှင့် ဗီလာရီးယဲလ် (မြန်မာစံတော်ချိန် ဧပြီလ ၂၃ ရက် ည ၁၁:၃၀ နာရီ)

လာလီဂါက ချန်ပီယံလိဂ်ဝင်ခွင့် (၅)နေရာအထိရတော့မှာဖြစ်လို့ ဗီလာရီးယဲလ်ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အားထုတ်မှုက ပိုအားကောင်းလာဖို့ရှိတယ်။ နောက်ပိုင်းမှာ ဗီလာရီးယဲလ်ရဲ့ အဝေးကွင်းရလဒ်တွေကလည်း ပိုကောင်းလာတယ်။ ဆယ်လ်တာဗီဂိုက အသင်းကောင်းတစ်သင်းဖြစ်ပေမဲ့ ခြေစွမ်းအတက် အကျများပါတယ်။ ဗီလာရီးယဲလ်ကိုပဲ ရွေးချယ်ထားချင်တယ်။ ဂိုးများနိုင်တဲ့ပွဲမျိုးပါပဲ။

♦ ဂီတာဖေး နှင့် ရီးယဲလ်မက်ဒရစ် (မြန်မာစံတော်ချိန် ဧပြီလ ၂၄ ရက် နံနက် ၂:၀၀ နာရီ)

ချန်ပီယံလိဂ်က ထွက်ခဲ့ရပြီးနောက်ပိုင်း ရီးယဲလ်အတွက် လာလီဂါပွဲတိုင်းက အရေးပါနေတယ်။ လာလီဂါလက်ကျန်ပြိုင်ပွဲတိုင်းကို ရီးယဲလ်အသင်း အားစိုက်ကစားပါလိမ့်မယ်။ ဒါပေမဲ့ ဒီပွဲပြီးရင် စပိန်ဘုရင့်ဖလားဗိုလ်လုပွဲကို ရီးယဲလ်အသင်းကစားရဦးမှာဖြစ်လို့ အဓိက ကစားသမားတချို့ကိုတော့ အနားပေးထားနိုင်တယ်။ အသင်းရဲ့ စိတ်ပိုင်းဆိုင်ရာကိုကြည့်ရင် ရီးယဲလ်အသင်း အတော်လေး ကျဆင်းနေပေမဲ့ အကောင်းဆုံးပြန်တည်ဆောက်နိုင်မှာပါ။ အဝေးကွင်းဖြစ်ပေမဲ့ ရီးယဲလ်ခက်ခက်ခဲခဲအနိုင်ကစားမှာပါ။ ဂိုးအနည်းကို ကြိုက်တယ်။

♦ အလာဗတ်စ် နှင့် ဆိုစီဒက် (မြန်မာစံတော်ချိန် ဧပြီလ ၂၄ ရက် နံနက် ၂:၀၀ နာရီ)

တန်းဆင်းအန္တရာယ်ရှိနေတဲ့ အလာဗတ်စ်ရဲ့ အိမ်ကွင်းရုန်းအားကို သတိထားရမယ်။ အိမ်ကွင်းနောက်ဆုံး (၂)ပွဲစလုံးလည်း ရှုံးထားလို့ ဒီပွဲတော့ အလာဗတ်စ်အသင်း ပိုသတိထားကစားဖို့လည်း လိုအပ်နေတယ်။ ဆိုစီဒက်ရဲ့ခြေစွမ်းကလည်း ဥရောပဝင်ခွင့်မျှော်လင့်ချက်ရှိသေးပေမဲ့ အတော်လေးကို မှန်းရခက်ပါတယ်။ ဒီပွဲကို သရေပွဲလောက်ပဲ မှန်းထားချင်တယ်။ ဂိုးနည်းနိုင်တယ်။

Most Read

Most Recent