■ ကျောက်ဆည်မြို့အတွင်း ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အခြေအနေများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား နစက ဥက္ကဋ္ဌ သွားရောက်ကြည့်ရှု

■ ကျောက်ဆည်မြို့အတွင်း ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အခြေအနေများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား နစက ဥက္ကဋ္ဌ သွားရောက်ကြည့်ရှု
Published 16 April 2025

■ ကျောက်ဆည်မြို့အတွင်း ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အခြေအနေများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား နစက ဥက္ကဋ္ဌ သွားရောက်ကြည့်ရှု

■ ကျောက်သေတ္တာစေတီ အား မိုင်းခွဲဖြိုချခြင်းမပြုရန်နှင့် ကျောက်သေတ္တာကြီး အောက်ခြေမှနေ၍ အရည်အသွေးပြည့်မီသည့် ကွန်ကရစ်များဖြင့် RC လောင်းပြီး ထိန်းသိမ်းဆောင်ရွက်ရန် မှာကြား



ကျောက်ဆည်မြို့အတွင်း ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အခြေအနေများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

့(ဧပြီ ၁၅ ရက်)နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့အတွင်း ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့်အခြေအနေများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် ကောင်စီဝင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျောက်ဆည်မြို့ပြည်သူ့ဆေးရုံကြီးသို့ရောက်ရှိကြပြီး ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား ဆေးဝါးကုသမှုဆောင်ရွက်ပေးနေမှုများနှင် လူနာများအား လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးထားမှုများကို ကြည့်ရှု၍ အားပေးစကားပြောကြားကာ ထိခိုက်ဒဏ်ရာရရှိသူများအတွက် ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

ထို့နောက်ဆေးရုံကြီးအတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် နေရာများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး အဆောက်အဦများအား ဆက်လက်သုံးစွဲရန် သင့်/မသင့်စစ်ဆေးဆောင်ရွက်သွားရန်နှင့် စနစ်တကျစစ်ဆေးပြီးမှသာ သုံးစွဲရန်သင့်သော အာမခံချက်ရှိသည့် အဆောက်အဦများကိုသာ ပြန်လည်ပြုပြင်သုံးစွဲရန်နှင့် ဝန်ထမ်းများအတွက် လိုအပ်သည့်ဝန်ထမ်းအိမ်ရာအဆောက်အဦအား ပြန်လည်တည်ဆောက် ပေးသွားရန်လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နည်းပညာတက္ကသိုလ်(ကျောက်ဆည်)သို့ရောက်ရှိရာ ယာယီရှင်းလင်း ဆောင်၌ နည်းပညာတက္ကသိုလ်(ကျောက်ဆည်) ဒုတိယပါမောက္ခချုပ် ဒေါက်တာ ခင်မောင်ချင်းက ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် အဆောက်အဦများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသော စာသင်ဆောင်များ၊ အားကစား ခန်မနေရာ၊ ကျောင်းသား အိပ်ဆောင်နှင့် ဝန်ထမ်းအိမ်ရာများအား သွားရောက်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် အဆောက်အဦ အပျက်အစီးများ ရှင်းလင်းဖယ်ရှား၍ အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေး၊ ကျောင်းအမြန်ဆုံး ပြန်လည်ဖွင့်လှစ် နိုင်ရေးတို့အား မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ဆည်မြို့၊ အေးမြကြည်လင်ရပ်ကွက်တွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး အပျက်အစီးများ အမြန်ဆုံးရှင်းလင်းဖယ်ရှား နိုင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် တာဝန်ရှိသူများ အားလမ်းညွှန်မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ရွှေသာလျောင်းတောင်တော်သို့ ရောက်ရှိပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်သွားသော ကျောက်သေတ္တာစေတီတည်ရှိနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကာ ရွှေမုဋ္ဌောစေတီအား သွားရောက်ဖူးမျှော်ကြည်ညိုပြီး ပန်း၊ ဆီမီးရေချမ်း များ ကပ်လှူပူဇော်ပြီး ဘုရားကြီး၏ ဂေါပကထံ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့သည်။

ထို့နောက် ကျောက်သေတ္တာစေတီတည်ရှိနေမှုအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ကျောက်သေတ္တာစေတီ တည်ရှိနေမှုနှင့် ပတ်သက်သည့် တင်ပြချက်များပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကျောက်သေတ္တာ စေတီနေရာအား Drone ဖြင့် အသေးစိတ်ရိုက်ကူး၍ အချက်အလက်ရယူရန်၊ မိုင်းခွဲဖြိုချခြင်းမပြုရန်၊ တောင်အောက်ရှိ အများပြည်သူများ အန္တရာယ်ကင်းရှင်းစေရန်အတွက် ကျောက်သေတ္တာကြီး အောက်ခြေမှနေ၍ အရည်အသွေးပြည့်မီသည့် ကွန်ကရစ်များဖြင့် RC လောင်းပြီးထိန်းသိမ်းဆောင်ရွက်ရန်နှင့် ကျောက်တုံးတော်ကြီးအောက်ရှိ ဈေးဆိုင်တန်းများ အန္တရာယ်မဖြစ်စေရေးဆောင်ရွက်သွားရန်လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားသော ကျောက်သေတ္တာစေတီ၏ မှတ်တမ်းဓာတ်ပုံများနှင့် ရွှေမုဋ္ဌောစေတီတော်ရှိ ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးသော ဓမ္မာရုံအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား အပျက်အစီးများ ဖယ်ရှားရှင်းလင်းပြီး ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ အမြန်ဆုံး စနစ်တကျပြန်လည် တည်ဆောက်သွားရန် လမ်းညွှန်မှာကြားပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်သွားပြီး ပြန်လည်ပြင်ဆင်ထားသော ဆင်းတုတော်များအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျောက်ဆည်မြို့၊ ဆင်မင်းဘိလပ်မြေစက်ရုံသို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့်ပြိုကျပျက်စီးသွားသော အဆောက်အဦများအား လှည့်လည်ကြည့်ရှု စစ်ဆေးကာ တာဝန်ရှိသူများအား အဆောက်အဦအပျက်အစီးများအား အပိုင်းလိုက်ခွဲ၍ ရှင်းလင်းဖယ်ရှားရန်နှင့် ပြင်ဆင်စရာရှိသည်များအား ယခင်ထက်ပိုမို ကောင်းမွန်အောင် အမြန်ဆုံး ပြင်ဆင်ဆောင်ရွက်သွားရန်နှင့် စက်ရုံအမြန်ဆုံး ပြန်လည်လည်ပတ်နိုင်ရေး ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent