■ “ဆေးရုံတစ်ခုလုံးမှာရှိတဲ့ တာဝန်ကျ ဆရာဝန်တွေ သူနာပြုတွေအားလုံးက ဝိုင်းဝန်းလုပ်ကိုင်ဆောင်ရွက်ခဲ့တာ ညအထိ ရောက်ရှိလာတဲ့လူနာတွေအားလုံးကို ရရှိထားတဲ့ ဒဏ်ရာအလိုက် အရေးပေါ်တုန့်ပြန်ကုသခဲ့ပါတယ်"
မန္တလေးမြို့၌ မတ် ၂၈ ရက်နေ့ မြန်မာစံတော်ချိန် ၁၂ နာရီ ၅၁ မိနစ် ၀၂ စက္ကန့်အချိန်တွင် မန္တလေးမြို့၏ အနောက်မြောက်ဘက် မိုင် (၂၀) ခန့် ကိုဗဟိုပြု၍ အနက် ၁၀ ကီလိုမီတာ၌ အင်အား ရစ်(ခ်)တာစကေး (၇.၇)ဖြင့် လှုပ်ရှားခဲ့သော မြေငလျင် နှင့် နောက်ဆက်တွဲ မြေငလျင်များ လှုပ်ရှားခဲ့ရာ အထက်မြန်မာပြည် တစ်ခုလုံး၏ အားထားရာ မန္တလေးမြို့ပြည်သူ့ဆေးရုံးကြီး အဆောက်အဦး များပျက်စီးခဲ့သော်လည်း မူလရှိ လူနာများနှင့် ငလျင်ဘေးဒဏ်သင့် လူနာများအားကုသပေးခဲ့ပြီး နိုင်ငံတကာ ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းများ ၊အလှုရှင်များပံ့ပိုးကူညီမှုဖြင့် မန္တလေးတိုင်းရှိ ဆရာဝန်၊ သူနာပြု နှင့် ကျန်းမာရေးဝန်ထမ်းများက စွမ်းနိုင်သမျှ စွမ်းအားကုန် ဖြင့် လူနာပေါင်းလေးရာကျော်၊ပြင်ပလူနာ ၈၀၀ ကျော်ဖြင့် လူအသက်ပေါင်းရာချီ ကုသပေးခဲ့ရသည်။
ယင်းသို့ အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးပြည်သူ့ဆေးရုံကြီး၏ အခြေအနေ၊ လူနာများကို လက်ခံကုသပေးမှုအခြေအနေများနှင့် ပတ်သက်ပြီး မန္တလေး ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ဆန်းလွင်ဦးနှင့်တွေ့ဆုံမေးမြန်းခဲ့ပါသည်။
မေး ။ ။ မတ်လ ၂၈ ရက်နေ့ မန္တလေးငလျင်ဖြစ်စဉ်၌ လူနာတွေကို မည်ကဲ့သို့ စစ်ဆေးပြီး ရောဂါတွေကို တုန့်ပြန်ကုသခဲ့ပါလဲ ဆရာ။
ဖြေ။ ။ မတ်လ ၂၈ ရက် နေ့လည် ၁၂ နာရီခွဲကျော်အချိန်လောက် လှုပ်ခက်ခဲ့တဲ့ ငလျင်အပြီးမကြာခင်အချိန် မိနစ်အနည်းငယ်ကြာတဲ့အချိန် မန္တလေးပြည်သူ့ဆေးရုံကြီး အရေးပေါ် ဆေးကုသမှုဌာကို ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေ တဖွဲဖွဲနဲ့ ဆက်တိုက်ရောက်ရှိလာတာကိုတွေ့ခဲ့ရတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော်တို့ မန္တလေးပြည်သူ့ဆေးရုံကြီးရဲ့အရေးပေါ် ဆေးကုသမှုဌာန အဆောက်အဦးကလည်း ငလျင်ဒဏ်ကြောင့် အန္တရာယ်ရှိနိုင်တာဖြစ်တဲ့အတွက် နောက်ထပ် ရှိနေတဲ့ အရေးပေါ်ကုသမှုနှစ်ဆောင် ကိုအသုံးပြုခဲ့ရပါတယ်။ အဲ့နှစ်ဆောင်မှာချက်ခြင်းပြောင်းပြီးတော့ ငလျင်ဒဏ်ခံစားရတဲ့ လူနာတွေကို လက်ခံတဲ့လုပ်ငန်းတွေကို အရေးပေါ်ဆေးကုသမှုဌာနက ချက်ခြင်းတုန့်ပြန် လုပ်ကိုင်ဆောင်ရွက် ကုသမှုပေးခဲ့ပါတယ်။ အဲ့လိုကုသမှုပေးတဲ့နေရာမှာ အရေးပေါ် ဆေးကုသမှုဌာနက အရေးပေါ် လူနာတွေကိုလက်ခံကုသည်ဆိုသော်လည်းဘဲ အခုလို အစုလိုက်အပြုံလိုက် ထိခိုက်ဒဏ်ရာရရှိတဲ့ လူနာတွေရောက်ရှိတဲ့အချိန်တွေမှာ အရေးပေါ်တုန့်ပြနါဆေးကုသရေးအဖွဲ့ မှာ ကျွန်တော်က ဆေးရုံရဲ့ခေါင်ဆောင် ဖြစ်ပြီး ကျန်တဲ့ ဆိုင်ရာ ပါမောက္ခ ဆရာဝန်တွေ ပါဝင်တဲ့အဖွဲ့တွေ ဖွဲ့စည်းထားပြီးရှိတာဖြစ်တဲ့အတွက် အရေးပေါ်ဆေးကုသရေးအဖွဲ့တင်မကဘဲ အခြားအဆောင် အသီးသီးမှာရှိတဲ့ ဆရာဝန်အသီးသီး ၊သူနာပြုအသီးသီး အားလုံးက အရေးပေါ်ဆေးကုသမှုဌာနကို ချက်ခြင်းရောင်ရှိလာပြီးတော့ အရေးပေါ်ကုသရမည့်လူနာများအား အင်နဲ့အားနဲ့ဝိုင်းဝန်းပြီး တုန့်ပြန်ကုသပေးခဲ့ပါတယ်။
မေး။ ။ ငလျင်ဒဏ်ခံထားရတဲ့ လူနာတွေကို ကုသဖို့ အသုံအသုံးပြုခဲ့တဲ့ နည်းလမ်းတွေကိုပြောပြပေးပါဆရာ။
ဖြေ။ ။ အဲ့လိုဆောင်ရွက်နိုင်ခဲ့တာကြောင့် အပြုံလိုက်ရောက်ရှိလာတဲ့လူနာတွေကိုလည်း ကျွန်တော်တို့က အဓိကချက်ချင်း ကုသမှုပေရမည့်လူနာကတစ်ပိုင်း၊ ခဏစောင့်ကြည့်ပြီးမှကုသမှုပေးရမည့်လူနာကတစ်ပိုင်း ပြင်ပလူနာအဖြစ်ချက်ချင်းကုသစရာမလိုသေးတဲ့ လူနာဆိုပြီး သုံးပိုင်းခွဲ ပြီး ကုသမှု အထက်ကပြောခဲ့တဲ့ အဖွဲ့တွေနဲ့ဝိုင်းဝန်းဆောင်ရွက်ခဲ့ပါတယ်။ ဆေးရုံးတစ်ခုလုံးမှာရှိတဲ့ တာဝန်ကျ ဆရာဝန်တွေ သူနာပြုတွေအားလုံးက ဝိုင်းဝန်းလုပ်ကိုင်ဆောင်ရွက်ခဲ့တာ ညအထိ ရောက်ရှိလာတဲ့လူနာတွေအားလုံးကို ရရှိထားတဲ့ ဒဏ်ရာအလိုက် အရေးပေါ်တုန့်ပြန်ကုသခဲ့ပါတယ်။
မေး။ ။ ငလျင်ပြီးနောက် ဆေးရုံ အဆောက်ဦး တွေရဲ့ ကြံခိုင်မှုနဲ့ လူနာတွေကုသပေးရမှု လက်ရှိအခြေအနေလေးကိုပြောပြပေးပါဆရာ။
ဖြေ။ ။ ကျွန်တော်တို မန္တလေပြည့်ူဆေးရုံဝန်းထဲမှာ ဆယ်ထပ်ဆောင် နှစ်ဆောင်ရှိတယ်၊ ကိုးထပ်ဆောင် ၊ ရှစ်ထပ်ဆောင်၊သုံးထပ်ဆောင် ၊နှစ်ထပ်ဆောင်တွေစသည်ဖြင့် ရှိတဲ့အထဲမှာ အထပ်မြင့်အဆောက်အဦးက ရှိတဲ့လူနာတွေကို ဘေးလွတ်ရာ အရင်ဆုံး ဆေးရုံရှေ့ ကွက်လပ်တွေမှာ ကာပါကင် ဆိုင်ကယ်ပါကင်တွေမှာ ခေတ္တယာယီ ထားပြီး စောင့်ရှောက်မှုပေးနေသလို အရေးပေါ ကုသရေဌာနမှာလည်း လက်ခံပြီးတော့ သက်ဆိုင်ရာ လူနာဆောင်အသီးသီကိုတင်တဲ့အခါကျတော့ မူလအဆောင်ကြီးတွေပေါ်မတင်တော့ဘဲ ထိခိုက်ပျက်စီးမှုမရှိတဲ့ နှစ်ထပ်ဆောင် သုံးထပ်ဆောင်၊တစ်ထပ် အထူးဆေးကုသဆောင် ဖွင့်ထားတဲ့နေရာမျိုးတွေ မှာ ငလျင်ဒဏ်ခံရတဲ့ လူနာများအား ထားရှိကုသမှုပေးခဲ့ပါတယ်။
မေး။ ။ ငလျင်ဒဏ် ခံစားခဲ့ရတဲ့ လူနာတွေနဲ့ ပတ်သက်ပြီး သူတို့ရဲ့ လူမှုစိတ်ပိုင်းဆိုင်ရာ ကုသရမှုအခြေအနေကိုပြောပြပေးပါဆရာ
ဖြေ။ ။ ငလျင်ကြောင့် ရုပ်ပိုင်းကတော့ ထိခိုက်မှုရှိတဲ့အတွက် သက်ဆိုင်ရာ ဆရာဝန်ကြီးတွေက ကဏ္ဍအလိုက် ဆိုင်ရာ ကုသပေးနေပါတယ်။လိုအပ်ရင် ခွဲစိတ်ကုသမှုတွေလုပ်ပေးပါတယ်။အဲ့ဒီထဲမှာမှ အချို့အချို့သော လူနာတွေက ငလျင်ဖြစ်တဲ့အတွက် စိတ်ပိုင်း ဆိုင်ရာဖြစ်တဲ့ စိတ်ဂယောက်ဂယက် စိတ်ကစဥ့်ကလျား ရှိတဲ့လူနာတစ်ချို့လည်းရှိပါတယ်။အဲ့လိုလူနာမျိုးကိုလည်း Psychiatry Team စိတ်ရောဂါကုသရေးအဖွဲ့ ရန်ကုန်ကနေလာကူနေတာရှိပါတယ်။ အဲ့ဒီအဖွဲ့က ဆရာဝန်တွေက အရေးပေါ်ကုသရေးဌာနမှာရှိတဲ့ဆရာဝန် တွေနဲ့ ပူးပေါင်းပြီးတော့လိုအပ်တဲ့ ကုသမှုကိုပေးပြီးစောင့်ရှောက်မှုတွေပြုလုပ်ခဲ့ပါတယ်။
မေး။ ။ နိုင်ငံတကာ အခြားအဖွဲ့အစည်းများနှင့် မန္တလေးဆေးရုံကြား ပူးပေါင်းဆောင်ရွက်မှုအခြေအနေလေးကကိုပြေပြပေးလို့ရနိုင်မလားဆရာ။
ဖြေ။ ။ နေပြည်တော်လိုဘဲ ကျွန်တော်တို့မန္တလေးပြည်သူ့ဆေးရုံကြီးမှာလည်း လာရောက်ပူးပေါင်းတဲ့ နိုင်ငံတကာဆေးအဖွဲ့တွေ ရောက်ရှိလာခဲ့ပါတယ်။ရုရှားဆေးပညာအဖွဲ့ ၊အိန္ဒိယဆေးပညာအဖွဲ့၊ စင်္ကပူဆေးပညာအဖွဲ့၊ဂျပန် (JICA) ဆေးပညာအဖွဲ ၊ တရုတ်ဆေးပညာအဖွဲ့တွေကနေ ပြည်ထောင်ကျန်းမာရေးနဲ့ကုသရေးရဲ့ လမ်းညွှန်ချက်နဲ့အညီ ကျွန်တော်တို့ကို စနစ်တကျလာရောက်ပူးပေါင်းပြီးတော့ ကုသမှုဆောင်ရွက်ခဲ့တာရှိပါတယ်။ ထိုသုကုသမှုပေးရာမှာလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ကူညီပံ့ပိုးလမ်းညွှန်မှုကို ကျွန်တော်တို့ကခံယူပြီးတော့ စနစ်တကျပူးပေါင်း ဆောင်ရွက်ကုသမှုပေးခဲ့ပါတယ်။ အဲ့လိုလုပ်ခဲ့တဲ့အခါမှာ အိန္ဒိယဆေးပညာအဖွဲ့ဆို ချမ်းမြသာစည်လေယာဉ်ကွင်းအဟောင်းမှာ အခြေပြုပြီးတော့လည်းကောင်း၊ရုရှားဆေးပညာအဖွဲ့ ဆို သိရိမန္တလာဘောလုံးကွင်းမှာ ဘီလာရု ဆေးပညာအဖွဲ့နှင့်အတူ အခြေပြုတယ်။စင်္ကပူဆေးပညာအဖွဲ့ဆို ဗထူးအားကစားကွင်းမှာ အခြေပြုတယ်၊ဂျပန်(JICA) ဆေးပညာအဖွဲ့ဆို မြို့တော်စည်ပင် ရုံးဝန်းထဲမှာအခြေပြုတယ်ပြီးစသည်ဖြင့်နိုင်ငံတကာဆေးပညာအဖွဲ့တွေကကုသမှုပေးတဲ့အခါမှာ ဒေသံသယအစိုးရအဖွဲ့ ကျွန်တော်တို့ဆေးရုံ အုပ်ချုပ်မှုအဖွဲ့ သူတို့ဆေးပညာအဖွဲ့တွေတွေ့ဆုံပြီး ကုသမှုဆိုင်ရာညှိနှိုင်းပြီး နိုင်ငံတကာဆေးပညာအဖွဲ့ တွေမှာ ကျွန်တော်တို့ ဆီက ဆရာဝန် သူနာပြုအဖွဲ့တွေလွှတ်ပြီးတော့ ပူးပေါင်းဆောင်ရွက်သလို၊သူတို့ဆေးပညာအဖွဲ့အချို့က ကျွန်တော်တို့ဆေးရုံတွေမှာ တင်ပြီးကုသရမယ့်လူနာတွေကို စနစ်တကျလွှဲပြောင်းလက်ခံကုသမှုပေးတယ်။ ဒါအပြင် အိန္ဒိယဆေးပညာအဖွဲ့ဆို ခွဲစိတ်ခန်းကအစပါလာတော့ ၊သူတို့ခွဲစိတ်ဆောင်ရွက်နိုင်တဲ့အပိုင်းတွေကို ခွဲစိတ်ကုသပေးတယ်။ရုရှားကအရိုးအထူးကုဆရာဝန်တွေဆို ကျွန်တော်တို့ဆီက အရိုးအထူးကုဆရာဝန်တွေနဲ့ ကျွန်တော်တို့ခွဲစိတ်ခန်းမှာ လာရောက်ပူးပေါင်းပြီး ခွဲစိတ်ကုသမှုလုပ်ငန်းတွေလည်းလုပ်ဆောင်ခဲ့ပါတယ်။ အခြေအနေနဲ့လအချိန်ခါအရ လိုအပ်နိုင်တဲ့အခြေအနေရှိတဲ့အတွက် စိတ်ပိုင်းဆိုင်ရာကုသမှု ဆေးပညာအဖွဲ့တွေကိုတော့မရုပ်သိမ်းသေးဘူး၊ သက်ဆိုင်ရာ လိုအပ်တဲ့လူနာတွေ ဆက်လက်ကုသဖို့အတွက် ဆက်လက်ထားရှိကုသမှုပေးသွားမှာပါ။
မေး ။ ။ မန္တလေးပြည်သူ့ဆေးရုံက အထက်မြန်မာ ရဲ့ အားထားရဆုံးဖြစ်နေတော့၊အခုလို ဆေးရုံအဆောက်အဦးအချို့ ပျက်စီးခဲ့ရတဲ့အခြေအနေမှာ ယခင်ရှိပြီးသားအနယ်နယ်အရပ်က လာရောက်ကုသနေကြတဲ့လူနာတွေရယ်၊ငလျင်ဒဏ်ခရသည့်လူနာများအပြင် သင်္ကြန်ကာလနှင့် အထက်ဒေသတွ ရောက်ရှိလာမည့်လူနာတွေအတွက် ပြင်ဆင်ထားရှိမှုအခြေအနေကို ပြောပြပေးပါလားဆရာ။
ဖြေ။ ။ ကျွန်တော်တို့ ဆေးရုံးဝန်းထဲမှာ အဆောက်အဦးကြီးငယ် ၃၃ လုံးရှိပါတယ်။ အဆောက်အဦးအားလုံး ပျက်စီးတာမဟုတ်ပါဘူး၊ တစ်ထပ်၊ နှစ်ထပ်၊ သုံးထပ်ဆောင်တွေက ပြန်လည်ပြီးအသုံးပြုလို့ရနိုင်သေးတဲ့ အခြေအနေမှာရှိသေးတယ်၊ တချို့လည်း အဆောက်အဦးလည်းလွတ်ကင်း၊ ထိခိုက်မှုလည်းမရှိတဲ့ အဆောင်တွေလည်းရှိသေးတယ်၊ အထပ်မြင့်အဆောင်တွေကတော့ တိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်နဲ့ သံယံဇတဝန်ကြီးကဥက္ကဌလုပ်ပြီး သက်ဆိုင်ရာ အင်ဂျင်နီယာ ပညာရှင်တွေနဲ့ ပူးပေါင်းပြီး ပျက်စီးမှု ထိခိုက်မှုရှိတဲ့အဆောင်တွေကို စစ်ဆေးဖို့ ဆက်တိုက်လုပ်ဆောင်ခဲ့ပါတယ်။ တချို့အဆောက်အဦးတွေပြန်လည်အသုံးပြုလို့ရပြီဆိုတဲ့ အနေအထားမျိုးလေးတွေရှိတာလည်းရှိပါတယ်။ အချို့အဆောက်အဦးကတော့ ခဏစောင့်ဆိုင်းထားပြီး ပြန်လည်ပြင်ဆင်ပြီးမှ အသုံးပြုလို့ရမယ့်အနေအထားရှိတယ်။ ဒါကတော့အနည်းစုကတော့ ပြန်လည်အသုံးပြုလို့မရနိုင်တဲ့ အနေအထားမျိုးရှိပါတယ်။အခုလိုအချိန်မျိုးမှာ နောက်ဆက်တွဲငလျင်တွေကလှုပ်နေတော့ ယာယီ ကုသရေးအဆောင် စီမံထားချက်တွေဆောင်ရွက်ထားတာရှိပါတယ်။ယာယီအရေးပေါ်ကုသရေးဌာန နှစ်ဆောင်၊ဓါတ်ခွဲခန်း ဓါတ်မှန်းတွေ၊ကို ထားရှိထားတယ်၊ပြင်ပလူနာတွေထဲက အိမ်မှာနေပြီးတော့ ကုသလို့ရနိုင်တဲ့လူနာတွေကို ဆေးဝါးကုသမှုပေးပြီးပြန်လွှတ်မယ်၊ ထိခိုက်ဒဏ်ရာ ရတဲ့သူတွေကို ကုတင်ပေါင်း တရာကျော်နဲ့ စိတ်လုံခြုံစွာနဲ့ ကုသပေးနေတယ်၊ အရေးပေါ်တဲထဲမှာ ရေမီး အဲကွန်းအပြည့်အစုံနဲ့လလူနာကုတင် ခုနှစိဆယ်နဲ့ ခွဲစိတ်ကုသရမယ့်လူနာ တွေကိုဆက်လက် ကုသမှုပေးနေတယ်။ သုံးထပ်ဆောင်မှာ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်လူနာတွေကို ကုတင်ပေါင်း ခုနှစ်လောက်နဲ့ ကောင်းမွန်စွာကုသနေတယ်၊ ကားပါကင်နေရာတွေမှာ မိုးလုံ လေလုံ ကျောက်ပြားကာ အဆောင်တွေထားရှိပြီး အထွေထွေခွဲစိတ်ကုပေးနေပါတယ်။ကိုးထပ်ဆောင်ရှေ့မှာ ဧရာဝတီဖေါင်ဒရေးရှင်းက လှူထားတဲ့ အရေးပေါ် အဆောင်မှာ ကုတင် ၃၈ လုံးနဲ့ အရေးကြီးလူနာတွေ ကုသဖို့ယာယီပြင်ဆင်ထားတယ်။
ဒါအပြင် မပျက်မစီးတဲ့ ကန်တော်မင်္ဂလာလေးထပ်ဆောင်မှာလည်း ကင်ဆာရောဂါဝေဒနာရှင် လူနာတွေကိုကုသနေပြီး အဲ့အရှေ့ကွင်းပြင်မှာ ဧရာဝတီဖေါင်ဒေးရှင်းက ပြုလုပ်ပေးထားတဲ့ ကုတင် ၁၅၀ အကုသဆောင်မှာလည်း အထွေထွေလူနာတွေကိုဆေးကုသပေးမှုတွေ လုပ်ဆောင်နေပါတယ်။ နာတာရှည်လူနာတွေထားရှိဖို့ ကုတင်၂၀ ရှိတဲ့ကုသဆောင်ဆွေ၊သွေးကင်ဆာ၊ ကျောက်ကပ်ဆေးရမည့်လူနာတွေအတွက်လည်း စက်ပိုင်းဆိုင်ရာပြင်ဆင်မှုတွေလုပ် ထားတယ်၊ထားရှိထားတယ်၊ဓါတ်ခွဲခန်းတွေ ၊ဓါတ်မှန်ခန်းတွေပြင်ဆင်ထားရှိထားပြီး အသုံးပြုနိုင်တဲ့ယာယီကုသဖို့ ကုတင် ၇၀၀ လောက်ပြင်ဆင်ထားပါတယ်။ဒါအပြင် မြန်မာအထက်အပိုင်းနဲ့ အလယ်ပိုင်းက လွှဲပြောင်းပေနေတဲ့ ၂၈ ဌာနက ဆေးရုံတွေကလူနာတွေကိုလည်းဆက်လက်လက်ခံကုသမှုပေးနေတယ်၊သင်္ကြာန်တွင်းပြင်ပလူနာတွေကိုယခင်နှစ်တွေ အတိုင်းလက်ခံကုသနိုင်အောင်လည်းစီမံထားရှိထားတယ်။သင်္ကြန်ပြီး များလာမယ့် ပြင်ပလူနာတွေအတွက်လည်း နိုင်နိုင်နင်းနင်းကုသနိုင်အောင် ပြင်ပလူနာကုသခန်းတွေစီမံထားတယ်။ အတွင်းလူနာအတွက် ကုတင်ပေါင်း ၇၀၀ လောက်ပြင်ဆင်ထားတဲ့အတွက်တော့ ထပ်တိုးလာမယ့်လူနာအတွက် လုံလောက်အောင်ကာဗာလုပ်ထားတယ်၊ဆေးဝါးအနေနဲ့ ကုသရေးဦးစီးဌာနကပေးထားတဲ့ဆေးဝါးတွေ၊ရှိပြီးသားဆေးဝါးတွေအပြင် စေတနာရှင်တွေက လာရောက်လှူဒါန်းတဲ့ဆေးဝါးတွေ အားလုံး စုစည်းထားတဲ့ဆေးဝါးတွေအားလုံး ဆက်လက်ကုသမှုလုပ်ငန်းများအတွက်ပြင်ဆင်ထားတယ်။စက်ကိရိယာတွေကိုလည်း ပြင်ဆင်ထားတယ်၊ကင်ဆာဓါတ်ကင်စက်တွေ၊ကျောက်ကပ်ဆေးစက်တွေလည်း ပြုပြင်စစ်ဆေးပြင်ဆင်ထားတယ်၊ကုသမှုတွေလည်းပေးနေပါတယ်။
မေး။ ။ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကျရောက်မှုတွေမှာ ဘယ်လိုဆက်လက်ပြင်ဆင်ထားရှိထားပါသလဲ၊ပြည်သူတွေကိုဘယ်လိုနေထိုင်ပြုမှုသင့်သလဲလို့အကြံပေးချင်ပါသလဲ။
ဖြေ။ ။ ဒီသဘာဝဘေးကနေ သင်ခန်းစာယူပြီးတော့ ဒီသဘဝငလျင်ဘေးမှတင်မဟုတ်ဘူး အခြားသဘာဝဘေးအန္တရာယ်တွေအတွက်လည်း ကျွန်တော်တို့မှလက်ရှိ ရှိတဲ့ စွမ်းဆောင်နိုင်မှုတွေကို အကောင်းဆုံးအကောင်းဆုံးအသုံးချပြီးတော့ ၊ လူအင်အား ကတော့ဒီလူအင်အားထက်တော့ လျော့ပါးသွားမှာမဟုတ်ဘူး၊ လိုအပ်ရင်လည်းသက်ဆိုင်ရာအကြီးအကဲတွေဆီတင်ပြီး လိုအပ်နေတဲ့ အကူအညီတောင်းမှာပါ။ အခုအချိန်မှာတော့ ရှိတဲ့လူအင်အားနဲ့ ရောလာကူတဲ့အဖွဲ့တွေနဲ့ပူးပေါငာတွေကို အတွေ့အကြုံရယူထားမယ်။ ပြီးရင် သဘာဝဘေးအန္တရာယ်ကြုံပြီဆိုင်ဖြစ်တဲ့နေရာမှာရှိနိုင်တဲ့ အကောင်းဆုံး လူသားအရင်းအမြစ် ၊ အခြေခံအဆောက်အဦးလိုအပ်ချက်တွေ ဖြည့်စည်းအသုံးချပြီး အကောင်းဆုံး ရည်ရွယ်တုန့်ပြန်ဆောင်ရွက်သွားမယ်လို့ တင်ပြချင်ပါတယ်။
မေး။ ။ ဆေးရုံအုပ်ကြီးအနေဖြင့် ဘာများဖြည့်စွက် ပြောပြချင်တာများရှိရင်ပြောကြားပေးစေချင်ပါတယ်။
ဖြေ။ ။ မန္တလေးဆေးရုံကြီးက အထက်မြန်မာပြည်ရဲ့ ပြည်သူ့ဆေးရုံကြီးဖြစ်တယ်။ဒါကြောင့် လက်ရှိယာယီပြီးတာနဲ့ အဆောက်အဦးတွေပြီးတာနဲ့ အသုံးပြုကာလူနာတွေကိုကုသသွားမှာပါ။ ကျွန်တော့်ဘက်ကတော့ စက်ကိရိယာအပိုင်း လူအင်အားအပိုင်းဆေးဝါးအပိုင်း ပြင်ဆင်ဆောင်ရွက် ထားတာတွေရှိတယ်။ ဒီပြင်ဆင်ဆောင်ရွက်ထားတဲ့အတိုင်း ဒီမန္တလေးပြည်သူ့ဆေးရုံကြီးကို ယုံကြည်အားကိုးကြတဲ့မိဘပြည်သူတွေကိုဆက်လက်ယုံကြည်အားကိုးကြပါ။ ကျွန်တော်တို့ ကျန်းမာရေးစောင့်ရှောက်သူဘက်ကလည်း ဆရာဝန်တွေ၊သူနာပြုတွေ၊ နည်းပညာကျွမ်းကျင်သူတွေ ၊အပြင်ဝန်ထမ်းအားလုံးကလည်း ရှိတဲ့အင်အားနဲ့ အစွမ်းကုန်ကျန်းမာရေးစောင့်ရှောက်မှုကို ဆက်လက်စောင့်ရှောက်ပေးသွားမယ်ဆိုတဲ့သတင်းစကားကို ဒီကပါးလိုပါတယ်။
မေး။ ။ ဆရာမအားလပ်တဲ့ကြားက ဖြေကြားပေးတဲ့အတွက် ဆရာကို ပြည်သူ့ကိုယ်စား Eleven Media ကကျေးဇူးတင်ပါတယ်။
ဖြေ။ ။ ပြည်သူနဲ့ Eleven Media ကိုလည်းကျေးဇူးတင်ပါတယ်။